Windows 11 သည် Windows XP ထက်စာလျှင် အသုံးပြုမှုနည်းသေးခြင်း။
ဖော်ပြပါသတင်းအချက်အလက်သည် Lansweeper Windows ကွန်ပျူတာ အသုံးပြုသူ ၁၀ သန်း (ကိုယ်ပိုင် နှင့် စီးပွားရေးလုပ်ငန်းသုံး) အား အခြေခံ သော စစ်တမ်းအရ သိရှိရသည်။
စစ်တမ်း၏ဖော်ပြချက်အရ Windows 11 အား အသုံးပြုမှုသည် နှစ် ၂၀ သက်တမ်းရှိပြီဖြစ်သော Windows XP နှင့်ယှဥ်လျှင် အသုံးပြုမှုနည်းပါးသေးသည်။
Lansweeper ကုမ္ပဏီမှ ထုတ်လုပ်သော Software ကိုစက်ရုံအလုပ်ရုံများ နှင့် စီးပွားရေးလုပ်ငန်းများတွင် IT ပစ္စည်းများ ကိုစီမန်ခန့်ခွဲရန်အသုံးပြုသည်။ Lansweeper မှ ယခုစစ်တမ်းအား ၎င်း၏ Software အားအခြေခံ၍ ယခုလအတွင်း Windows စနစ်အသုံးပြုသော ၁၀ သန်းသော ပစ္စည်းများထံမှ ကောက်ယူထားခြင်းဖြစ်သည်။
အောက်တွင်ဖော်ပြထားသော စစ်တမ်းအရ ယခုအချိန်တွင် Windows 11 ကိုအသုံးပြုမှုမှာ ၁.၄၄% သာရှိပြီး Windows XP ကို ၁.၇၁% အသုံးပြုလျှက်ရှိသည်။ ကျန် ၈၀.၃၄% သည် Windows 10 ကိုအသုံးပြု လျှက်ရှိသည်။

Windows 11 အသုံးပြုမှု ပမာဏ ၁.၄၄% သည် ယခင် January လတွင် ကောက်ခဲ့သော စာရင်း ၀.၅၂% ထက်စာလျှင် ၃ ဆ ပိုမိုမြင့်တက်လာသည်။
အခြားသော စစ်တမ်းများ တွင်ဖော်ပြချက်များ အရ Windows 11 အသုံးပြုမှု မှာ မြင့်တက်လျှက်ရှိကြောင်း သိရှိရသည်။ App ကြောငြာလုပ်ငန်း AdDuplex ၏ ပြီးခဲ့သောလက စစ်တမ်းအရ ၁၉.၄% မြင့်တက်လာသည်ကို သိရှိရသော်လည်း ၎င်းသည် ပြီးခဲ့သောလနှင့် ယှဥ်လျှင် ၀.၁% တိုးတက်မှုသာရှိသည်။ အခြားတစ်ဖက်တွင်လည်း Valve ကုမ္ပဏီ လက်အောက်ရှိ Steam မှ ၎င်းတို့ ဂိမ်းဆေ့ာသူများ၏ Computer များကိုစစ်တမ်းကောက်ချက်အရ Windows 11 အသုံးပြုမှုသည် ၁၆.၈% မြင့်တက်လာသည်ဟု ခန့်မှန်းသိရှိရသည်။
Lansweeper သည်၎င်းတို့ကောက်ခံသော စစ်တမ်းသည် Enterprise Systems အသုံးပြုမှု ၂၀% နှင့် အခြားနယ်ပယ်မှ အသုံးပြုသူ အရေအတွက်၏ ၈၀% ကို ကုမ္ပဏီထုတ် “Fing” network လုံခြုံရေး စစ်ဆေးမှုအက်ပ် မှတစ်ဆင့် ကောက်ယူထားသည်။ စစ်တမ်းမှ ဒေတာအားလုံးကို အသုံးပြုသူ၏ သဘောတူ ခွင့်ပြုချက်ဖြင့် စုဆောင်းခဲ့ကြောင်း ကုမ္ပဏီက ပြောကြားခဲ့သည်။
Lansweeper သည် Windows 11 အသုံးပြုမှုနှေးကွေးရခြင်းသည် Operating System အတွက် Hardware Requirements ကြောင့်ဖြစ်သည်ဟု ခန့်မှန်းသည်။ Windows 11 အားတရားဝင် အဆင့်မြှင့်တင်ခြင်းသည် ၄နှစ် သို့ ၅နှစ် သက်တမ်းရှိ Computer များသာ အများစုရရှိသည်။ ထို့အပြင် Computer များသည် လုံခြုံရေး စနစ် “Trusted Platform Module (TPM)” ပါရှိသည်များတွင် မိမိကိုယ်တိုင် တင်၍အသုံးပြုနိုင်သည်။
Lansweeper မှစီးပွားရေးလုပ်ငန်းတွင် အသုံးပြုသော သန်း ၃၀ သော Windows ပစ္စည်းများကို စစ်တမ်းကောက်ခဲ့ရာ ပစ္စည်းများ၏ ၄၅% သည်သာ Windows 11 ကို အခမဲ့အဆင့်မြှင့်တင်မှုအတွက် အရည်အချင်းပြည့်မီသည်။

Lansweeper ကုမ္ပဏီ၏ Chief Strategy Officer Roel Decneut မှ “ကုမ္ပဏီများသည် Computer အသစ်များကိုဝယ်ရမည်ဆိုပါက Windows 11 ကိုထောက်ပံ့သော Computer အသစ်များဝယ်လိုပြီး၊ ရှိရင်းစွဲ Computer များမှ Windows 11 ကို အထောက်အကူမပြုသော Computer များအား ၂၀၂၅ ခုနှစ် အထိ Microsoft မှ အထောက်အကူပြုသော Windows 10 နှင့်သာ ဆက်လက်အသုံးပြုလျှက်ရှိသည်”။ “စီးပွားရေးလုပ်ငန်းများကို Windows 11 အားအဆင့်မြှင့်ရန် ခိုင်လုံသောအကြောင်းပြချက်မပေးပါက ဤအခြေအနေသည် အနာဂတ်တွင် ဆက်လက်ရှိနေဦးမည်ဖြစ်သည်။”
Microsoft သည် မှတ်ချက်ပေးရန် တောင်းဆိုမှုကို ချက်ချင်းတုံ့ပြန်ခြင်းမရှိပေ။ သို့သော် ဇန်နဝါရီလတွင် ကုမ္ပဏီသည် ကျန်ရှိသော အရည်အချင်းပြည့်မီသော Windows PC များအားလုံး မကြာမီ Windows 11 ထည့်သွင်းရန် ရွေးချယ်ခွင့်ကို လက်ခံရရှိလိမ့်မည်ဟု ကုမ္ပဏီမှ ထုတ်ပြန်ခဲ့သည်။
Credit: PCMAG
And Michael Kan