Technology

မြန်မာနိုင်ငံထဲ Starlink ဂြိုလ်တုအင်တာနက်ဝန်ဆောင်မှု ဖြန့်ချိဖို့ စီစဉ်နေ

သူဌေးကြီး အီလွန်မတ်စ်ပိုင် Starlink ဂြိုလ်တုအခြေပြု အင်တာနက်ဝန်ဆောင်မှုဟာ လာမယ့်နှစ်ကစပြီး မြန်မာအပါအဝင် အရှေ့တောင်အာရှဈေးကွက်ထဲ ဝင်ရောက်ဖို့ စီစဉ်နေတယ်လို့ သတင်းထွက်နေပါတယ်။ SpaceX အာကာသကုမ္ပဏီရဲ့ Starlink ဂြိုလ်တုအင်တာနက်ဟာ ပြီးခဲ့တဲ့ မေလကုန်ပိုင်းကပဲ ဖိလစ်ပိုင်နိုင်ငံ တယ်လီကွန်းဆက်သွယ်ရေးဆိုင်ရာ အဖွဲ့အစည်းရဲ့ ခွင့်ပြုချရထားတာ ဖြစ်ပါတယ်။ ဖိလစ်ပိုင်ဟာ အရှေ့တောင်အာရှနိုင်ငံတွေထဲမှာ Starlink ဂြိုလ်တုအင်တာနက်ဝန်ဆောင်မှုကို ပထမဆုံး ရယူနိုင်တဲ့ နိုင်ငံဖြစ်လာတော့မှာပါ။ ကုမ္ပဏီအနေနဲ့ Starlink ဝန်ဆောင်မှုကို အရှေ့တောင်အာရှဈေးကွက်နေရာတွေမှာ တိုးချဲ့ ဖြန့်ကြက်ဖို့လည်း စီစဉ်နေတယ်လို့ ဆိုပါတယ်။  Nikkei Asia က ရတဲ့ သတင်းတစ်ခုအရ ဒီအမေရိကန်ကုမ္ပဏီဟာ ၂၀၂၃ ဝန်းကျင်လောက်မှာ အင်ဒိုနီးရှား ၊ မလေးရှား ၊ ဗီယက်နမ်နဲ့ မြန်မာတို့မှာ ဝန်ဆောင်မှု ဖြန့်ကြက်သွားဖို့ စီစဉ်ထားကြောင်းလည်း သိရပါတယ်။ …

မြန်မာနိုင်ငံထဲ Starlink ဂြိုလ်တုအင်တာနက်ဝန်ဆောင်မှု ဖြန့်ချိဖို့ စီစဉ်နေ Read More »

Crypto ဈေးကွက်ပျက်လို့ ဘီလျံနာ မဟုတ်တော့ဘူးလို့ Ethereum တည်ထောင်သူ ပြော

Bitcoin ပြီးရင် ကမ္ဘာ့ဒုတိယအကြီးဆုံး Blockchain ပလက်ဖောင်းတစ်ခုဖြစ်တဲ့ Ethereum တည်ထောင်သူဟာ ဈေးကွက်ပျက်လာတာကြောင့် ဘီလျံနာအဖြစ်ကနေ လျှောကျသွားပြီလို့ ပြောကြားလိုက်ပါတယ်။  အသက် ၂၈ နှစ်အရွယ် Ethereum တည်ထောင်သူတစ်ဦး ဖြစ်တဲ့ ဗီတာလစ် ဘူတာရင်းဟာ Twitter လူမှုကွန်ရက်ပေါ်မှာ “ကျွန်တော် ဘီလျံနာတစ်ယောက် မဟုတ်တော့ပါဘူး” လို့ ရေးခဲ့တာ ဖြစ်ပါတယ်။  Crypto ဈေးကွက်ပြိုလဲလာခြင်းရဲ့ အကျိုးဆက်ကို Ethereum တည်ထောင်သူလည်း ခံစားလာရတာ ဖြစ်ပါတယ်။ ဘူတာရင်းဟာ Ethereum ကို ၂၀၁၄ ခုနှစ်မှာ ဖန်တီးခဲ့တာ ဖြစ်ပြီး ကန်ဒေါ်လာ ၁.၅ ဘီလျံခန့် တန်တဲ့ Crypto တွေကို သိမ်းပေးတဲ့ ဒီဂျစ်တယ် Wallet တစ်ခုကိုလည်း နိုဝင်ဘာလကမှ တည်ထောင်ထားတာပါ။ အခုနောက်ပိုင်းမှာ Ether …

Crypto ဈေးကွက်ပျက်လို့ ဘီလျံနာ မဟုတ်တော့ဘူးလို့ Ethereum တည်ထောင်သူ ပြော Read More »