Sports

ကားပေါ်တက်ခါနီးမှာ ပရိသတ်ကိုအကြိမ်ကြိမ်ဆဲဆိုသွားခဲ့တဲ့ ယူနိုက်တက်ရဲ့ အရွယ်လွန်တိုက်စစ်မှူးကြီး

မနေ့က ကစားခဲ့တဲ့ ခရစ္စတယ်ပဲလေ့စ်နဲ့ယူနိုက်တက်ပွဲအပြီးမှာ ယူနိုက်တက် တိုက်စစ်မှူး ကာဗာနီက ပရိသတ်တွေကို ကိုယ်လက်အမူအရာနဲ့ ဆဲဆိုပြီး အသင်းဘတ်စ်ကားပေါ် တက်သွားခဲ့တယ်လို့ သိရှိရပါတယ်။ ယူနိုက်တက်ရဲ့ ဒီရာသီနောက်ဆုံးပွဲအဖြစ် ကစားခဲ့တဲ့ ဒီပွဲမှာ ခရစ္စတယ်ပဲလေ့စ်က ၁-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဒီပွဲမှာ ကာဗာနီက အသင်းရဲ့ ပွဲထွက်ကစားသမားစာရင်းမှာ ပါဝင်ခဲ့ပြီး ဒါဟာ သူ့အတွက် ယူနိုက်တက်ကစားသမားဘဝ နောက်ဆုံးပွဲစဥ်လည်းဖြစ်ပါတယ်။ ဒီပွဲအပြီးမှာ ကာဗာနီအနေနဲ့ ဥရောပမှာပဲ ဆက်ရှိမလား ဒါမှမဟုတ် တောင်အမေရိကကို ပြန်မလား ဆုံးဖြတ်ရတော့မှာပါ။ ဒါပေမယ့် သူ့ရဲ့ ယူနိုက်တက်ကစားသမားဘဝ နောက်ဆုံးပွဲကတော့ မသာယာခဲ့ပါဘူး။ ကာဗာနီတယောက် ပွဲအပြီး အသင်းဘတ်စ်ကားဆီအသွားမှာ ကြိုတင်စောင့်ဆိုင်းနေတဲ့ ပရိသတ်အချို့က ကာဗာနီကို အော်ဟစ်ဝေဖန်ခဲ့ကြပါတယ်။ ကာဗာနီကတော့ ဒီလိုမျိုး ဝေဖန်မှုတွေကို ပြတ်ပြတ်သားသားပဲ လက်ခလယ်ထောင်ပြပြီး တုံ့ပြန်သွားခဲ့ပါတယ်။ …

ကားပေါ်တက်ခါနီးမှာ ပရိသတ်ကိုအကြိမ်ကြိမ်ဆဲဆိုသွားခဲ့တဲ့ ယူနိုက်တက်ရဲ့ အရွယ်လွန်တိုက်စစ်မှူးကြီး Read More »

ဘယ်လာရင်က ဘက်တစ်ကို သံယောစဥ်ကြီးတဲ့ ကစားသမားပါ။

ဘက်တစ်မှာ အငှားနဲ့သွားကစားနေတဲ့ ညာနောက်ခံလူ ဘယ်လာရင်ဟာ ဘက်တစ် ကစားသမားဘဝ အိမ်ကွင်းနောက်ဆုံးပွဲအပြီးမှာ ငိုကြွေးခဲ့တယ်လို့ သိရှိရပါတယ်။ အဆိုပါ စပိန်လူမျိုးကစားသမားဟာ တရာသီအငှားစာချုပ်နဲ့ အာဆင်နယ်ကနေ ဘက်တစ်ကို လာရောက်ကစားခဲ့တာပါ။ ဘယ်လာရင်ဟာ အသက် (၁၇) နှစ်တည်းက အာဆင်နယ်ကို ရောက်ရှိနေတာဖြစ်ပြီး အာဆင်နယ်အတွက် ပွဲပေါင်း (၂၃၉) ပွဲ ကစားပေးထားခဲ့ပါတယ်။ ဒါပေမယ့် သူ့အနေနဲ့ အာဆင်နယ်မှာ အနာဂတ်မသေချာသလို သူ့ရဲ့ ငယ်ဘဝက အားပေးရာ ဘက်တစ်ကနေ ထွက်ခွာရတော့မယ့်အချိန်မှာ အခုလိုပဲ ငိုကြွေးခဲ့ရတာပါ။ သတင်းတွေရဲ့ဖော်ပြချက်အရတော့ ဘက်တစ်ဟာ ဘယ်လာရင်ကို အပြီးသတ်ခေါ်ယူထားဖို့အတွက် ဆန္ဒရှိနေပြီး ဒီအတွက်လည်း ညှိနှိုင်းမှုတွေ ပြုလုပ်နေတယ်လို့ ဗြိတိန်အခြေစိုက်သတင်းဌာနတွေက ဖော်ပြထားပါတယ်။ ဒါ့အပြင် ဘယ်လာရင်ဟာ ဂရန်နာဒါကို နှစ်ဂိုးပြတ်နဲ့အနိုင်ရရှိခဲ့တဲ့ အဲ့ဒီပွဲအပြီးမှာ တော်တော်ကြာတဲ့အထိ ဘက်တစ်ကွင်းမြက်ခင်းပြင်ပေါ် တယောက်တည်း …

ဘယ်လာရင်က ဘက်တစ်ကို သံယောစဥ်ကြီးတဲ့ ကစားသမားပါ။ Read More »

//thaudray.com/4/5314809