နယူးယောက်မြို့တော် အကြောင်း သိကောင်းစရာ
နယူးယောက်စီးတီး (သို့) နယူးယောက် ဟုခေါ်လေ့ရှိကြသော နယူးယောက်မြို့သည် အမေရိကန်၏ အကြီးဆုံး နှင့် လူဦးရေအများဆုံးမြို့ကြီးဖြစ်သည်။ နိုင်ငံ၏ အရှေ့မြောက်ပိုင်း ၊ နယူးယောက်ပြည်နယ်၏ တောင်ပိုင်းစွန်းတွင် တည်ရှိသည်။ မြို့၏ကုန်းမြေဧရိယာမှာ ၃၀၀ စတုရန်းမိုင်ဖြစ်ပြီး ၂၀၁၉ ခုနှစ် စာရင်းအရ မြို့ပေါ်နေလူဦးရေ ၈.၃ သန်းကျော် ရှိသည်။ နယူးယောက်ဒေသ တခုလုံးတွင်မှု နေထိုင်သူဦးရေ ၂၂ သန်းကျော် ရှိလေသည်။ လူဦးရေ ထူထပ်လွန်းပြီး ၁မိုင်ပတ်လည်တွင် နေထိုင်သူ ၂၇၇၅၅ ဦး ခန့် ရှိသည်။ ကမ္ဘာလုံး ဆိုင်ရာ မြို့တော် တစ်ခု ဖြစ်ပြီး နယူးယောက်မြို့တော်အား ကမ္ဘာ၏ ယဉ်ကျေးမှုဆိုင်ရာ ၊ ငွေကြေးဆိုင်ရာ နှင့် မီဒီယာဆိုင်ရာ မြို့တော် တစ်ခု အဖြစ် သတ်မှတ်ကြပြီး …