Knowledge

ဝမ်းမကြာမကြာ ချုပ်နေတတ်သူများ ..

ဝမ်းမကြာမကြာ ချုပ်နေတတ်သူများ သက်သာပျောက်ကင်းစေတဲ့ဆေးနည်း

(၁) နံနက်အိပ်ရာထ သောက်ရေ နှစ်ခွက် ဆက်တိုက် သောက်ပေးခြင်းက အူတွေကို အလုပ်လုပ်စေလို့ ဝမ်းသွားစေပါတယ်။ (နေ့စဉ် ရေရှစ်ခွက်မှ ၁၀-ခွက်အထိ သောက်တဲ့အကျင့်ကို မွေးမြူပါ)။ (၂) သံပရာသီးကလည်း ဝမ်းချုပ်ခြင်းမှ သက်သာစေလို့ နံနက်အိပ်ရာထ အစာမစားခင်မှာ ရေနွေး တစ်ဖန်ခွက်ထဲကို သံပရာသီးတစ်လုံး ညှစ်ပြီး၊ ပျားရည် လက်ဖက်ရည်ဇွန်း တစ်ဇွန်းနဲ့ ဆားအနည်းငယ် ဖျော်၍ သောက်ပါ။ (၃) ပဲသီး၊ ဟင်းနုနယ် စတဲ့ အစိမ်းရောင် ဟင်းသီးဟင်းရွက်များနဲ့ လိမ္မော်သီး၊ သစ်တော်သီးကဲ့သို့ အရည်ရွှမ်းပြီး အမျှင်များတဲ့သစ်သီးများ စားပါ။ (၄) အမျှင်ဓာတ် ပေါများသော ဂုန်လျှော်စေ့က အစာကြေစေပြီး ဝမ်းချုပ်ခြင်းကို သက်သာ ပျောက်ကင်းစေပါတယ်။ (၅) နွားနို့ပူပူ သောက်ခြင်းက အူမကြီးကို ကောင်းစွာ လှုံ့ဆော်ပေးတာကြောင့် …

ဝမ်းမကြာမကြာ ချုပ်နေတတ်သူများ သက်သာပျောက်ကင်းစေတဲ့ဆေးနည်း Read More »

ရက်အနည်းငယ်အတွင်း ပွေး၊ညှင်း၊တင်းတိတ်၊ဝက်ခြံ

ရက်အနည်းငယ်အတွင်း ပွေး၊ညှင်း၊တင်းတိတ်၊ဝက်ခြံ သက်သာပျောက်ကင်းစေတဲ့နည်း

ပွေး၊ ညှင်း၊ တင်းတိတ်၊ ဝက်ခြံဖု မပေါက်ဖူးတဲ့သူမရှိပါဘူး ပေါက်ဖူးတဲ့ သူတွေပါပဲ။ စိုးရိမ်စရာ ရောဂါအနာ မဟုတ်ပေမယ့် မျက်နာပေါ်မှာ အပေါက်များတဲ့ ရောဂါတွေဖြစ်လို့ အလှပျက်၊ မျက်နာပြရခက်ပါတယ်။ ငါးရက်အတွင်း သက်သာပျောက်ကင်းစေတဲ့ မြန်မာ့ရိုးရာလိမ်ဆေး လိမ်းကြည့်ပါ။ ဆေးဖော်ဖို့ကလည်း အလွန်လွယ်ကူပါတယ်။ ဆေးနည်းမှာ ကြက်သွန်နီဥသေးတစ်လုံးကို အခွံနွာပြီး ညက်အောင်ထောင်းပါ။ ပြီးရင် ကြွေပုဂံလုံးထဲ ထည့်ပြီး သံပရာသီးတစ်လုံးကို အရည်ညစ်ချလို့ ရောဖျော်ပါ။ သင့်ရဲ့ပွေးကွက်၊ ညှင်းကွက်၊ တင်းတိတ်ကွက်၊ ဝက်ခြံဖုကို လိမ်းပေးပါ တစ်နေ့နှစ်ကြိမ်လိမ်းပေးပါ။ ညပိုင်းမှာ မျက်နာကို ရေနွေးနဲ့သန့်စင်ပြီး သနပ်ခါးအမြစ်လိမ်းပြီး အိပ်ပါ။ ငါးရက်လောက် ဆက်တိုက်လုပ်ရင် သင့်မျက်နာဟာ ကြည်လင်ရှင်းသန့်ပြီး ကျက်သရေရှိစွာ လှပနေပါလိမ့်မယ်။ Credit