Knowledge

အီလွန်မတ်စ်ရဲ့ လိင်ပိုင်းစော်ကားမှု ခံခဲ့ရကြောင်း SpaceX လေယာဉ်မယ်တစ်ဦး ဖွင့်ဟ

ကုမ္ပဏီရဲ့ ကော်ပိုရိတ်ဂျက်လေယာဉ်နဲ့ ခရီးစဉ်တစ်ခုမှာ အမှုဆောင်အရာရှိချုပ် အီလွန်မတ်စ်ဟာ လေယာဉ်မယ်ကို လိင်ဆက်ဆံဖို့ သွားညှိခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ကျေအေးဖို့ SpaceX ဟာ ဒေါ်လာ ၂ သိန်းခွဲ ပေးခဲ့တယ်လို့ ဆိုပါတယ်။  ဒီသတင်းကို Insider က ဖော်ပြခဲ့တာ ဖြစ်ပြီး အမှုက ၂၀၁၆ ခုနှစ်မှာ ဖြစ်ပွားခဲ့တာလို့လည်း ဆိုပါတယ်။ လန်ဒန်ကို သွားတဲ့ SpaceX လေယာဉ်ခရီးစဉ်ရဲ့ သီးသန့်ခန်းထဲမှာ သူမကို လိင်ဆက်ဆံဖို့ အီလွန်မတ်စ်က ခေါ်ပြီးညှိခဲ့တယ်လို့ နစ်နာသူလေယာဉ်မယ်က သူမရဲ့သူငယ်ချင်းကို ပြန်ပြောပြခဲ့ကြောင်း Insider က ဖော်ပြပါတယ်။ Insider ဟာ ထုတ်ပြန်ခြင်း မရှိတဲ့ စာရွက်စာတမ်း ၊ အီးမေးလ်တွေနဲ့ လေယာဉ်မယ်ရဲ့ သူငယ်ချင်းဖြစ်သူ လက်မှတ်ထိုးထားတဲ့ ဟုတ်မှန်ကြောင်းစာတစ်စောင်တို့ကို ကိုးကားထားပြီး နာမည်တော့ …

အီလွန်မတ်စ်ရဲ့ လိင်ပိုင်းစော်ကားမှု ခံခဲ့ရကြောင်း SpaceX လေယာဉ်မယ်တစ်ဦး ဖွင့်ဟ Read More »

စီးပွားရေးစိန်ခေါ်မှုတွေကြောင့် အခုလို ဆုံးဖြတ်လိုက်တာပါ

ရှေ့ဆက် ကြုံလာနိုင်တဲ့ စီးပွားရေးစိန်ခေါ်မှုတွေကြောင့် Facebook ရဲ့ မိခင်ကုမ္ပဏီ Meta ဟာ ရာထူးမြင့်ဝန်ထမ်းခေါ်ယူမှုကို ရပ်တော့မယ်လို့ ဆိုပါတယ်။  ဝင်ငွေဖွံ့ဖြိုးမှု နှေးကွေးလာခြင်းနဲ့အတူ အဘက်ဘက်က စီးပွားရေး စိန်ခေါ်မှုတွေ ကြုံနေတာကြောင့် အကြီးတန်းနဲ့ အလတ်တန်း Level ရာထူးအများစု ခေါ်ယူမှု လျှော့ချတာ ၊ လုံးဝ ရပ်ဆိုင်းတာမျိုး လုပ်မယ်လို့ ကုမ္ပဏီက ထုတ်ပြန်ပါတယ်။ ယူကရိန်း-ရုရှားစစ်ပွဲ ၊ Apple ရဲ့ Privacy အပြောင်းအလဲ နဲ့ ငွေကြေးဖောင်းပွမှုအပါအဝင် ကြုံတွေ့နေရတဲ့ စီးပွားရေးစိန်ခေါ်မှုတွေက အခုလို ဆုံးဖြတ်စေခဲ့တာ ဖြစ်ပါတယ်။  “ကျွန်တော်တို့ရဲ့ စီးပွားရေးလိုအပ်ချက်နဲ့ အညီ လူတော်တွေ ခေါ်ယူမှုလုပ်တဲ့ကိစ္စကို ပုံမှန်ဆန်းစစ်လေ့ရှိပါတယ်။ ဒီသုံးလပတ်ကာလအတွက် အသုံးစရိတ်ညွှန်ကြားချက်အရ ဝန်ထမ်းခေါ်ယူမှုကိုလည်း လိုက်ပါ လျှော့ချနေပါတယ်။” လို့ Meta …

စီးပွားရေးစိန်ခေါ်မှုတွေကြောင့် အခုလို ဆုံးဖြတ်လိုက်တာပါ Read More »