Knowledge

iPhone ထုတ်ဖို့ တရုတ်ထက် အိန္ဒိယနဲ့ ဗီယက်နမ်ကို အားစိုက်လာတဲ့ Apple

Apple ထုတ်ကုန်ရဲ့ ၉၀% ကျော်ကို တရုတ်မှာ အပြင်ကန်ထရိုက်တွေနဲ့ ထုတ်လုပ်နေကြတယ်လို့ ဆိုပါတယ်။ Apple ကုမ္ပဏီအတွက် အိန္ဒိယဟာ iPhone ထုတ်လုပ်ရေးမှာ ဒုတိယတရုတ်ပြည် ဖြစ်လာပါတယ်။  ကိုဗစ်ကင်းစင်ရေးအတွက် တင်းကျပ်တဲ့ တရုတ်အစိုးရရဲ့ မူဝါဒတွေကြောင့် iPhone နဲ့ Mac ထုတ်ကုန် ထုတ်လုပ်ရေး နှောင့်နှေးနေတဲ့ Apple ဟာ တရုတ်ပြင်ပ ထုတ်ကုန်ထုတ်လုပ်ရေးကို တိုးမြှင့်ဖို့အတွက် ကန်ထရိုက်ထုတ်လုပ်သူတချို့ကို မှာကြားထားတယ်လို့ ဆိုပါတယ်။ The Wall Street Journal သတင်းအရ အိန္ဒိယနဲ့ ဗီယက်နမ်တို့ဟာ တရုတ်နိုင်ငံအစား Apple ထုတ်ကုန် ထုတ်လုပ်ရေးမှာ အားကိုးစရာနိုင်ငံတွေ ဖြစ်လာတယ်လို့ ဖော်ပြထားပါတယ်။  ဈေးကွက်တန်ဖိုးအရ အကြီးဆုံးအမေရိကန်ကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Apple ရဲ့ လုပ်ရပ်ဟာ ထုတ်လုပ်ရေးနဲ့ အရေးကြီး ပစ္စည်းအစိတ်အပိုင်းတွေမှာ …

iPhone ထုတ်ဖို့ တရုတ်ထက် အိန္ဒိယနဲ့ ဗီယက်နမ်ကို အားစိုက်လာတဲ့ Apple Read More »

မျက်နှာဖတ်စနစ်သုံးမိလို့ တစ်ယောက်ကို ဒေါ်လာ ၄၀၀ နီးပါး လျော်နေရတဲ့ Facebook 

အီလီနွိုက်စ် Facebook သုံးစွဲသူ ၁ သန်းကျော်ဟာ Facebook ဆီက ၃၉၇ ဒေါ်လာတန် ချက်လက်မှတ်ကို ဒီတစ်ပတ်ထဲ ရတော့မှာပါ။  ၂၀၁၅ ခုနှစ်က ခွင့်ပြုချက်မရှိဘဲ လူမှုကွန်ရက်သုံးစွဲသူတွေရဲ့ မျက်နှာကို ဒီဂျစ်တယ်စကင်ဖတ်ရှု သိမ်းဆည်းပြီး ဓါတ်ပုံပို့စ်တွေမှာ Tag တွဲမတွဲ အကြံပြုတဲ့စနစ်ကို အီလီနွိုက်စ်ပြည်နယ် ဥပဒေအကျိုးဆောင်အဖွဲ့တွေက နစ်နာသူများကိုယ်စား Facebook ကို တရားစွဲခဲ့ပါတယ်။ သုံးစွဲသူရဲ့ ခွင့်ပြုချက်မရှိဘဲ မျက်နှာပြင်ဖတ်နည်းပညာကို အသုံးချတာဟာ အီလီနွိုက်စ်ပြည်နယ်ရဲ့ ဇီဝအချက်အလက် လုံခြုံရေးဥပဒေနဲ့ ငြိစွန်းနေတာလည်း ဖြစ်ပါတယ်။  Facebook ဟာ လူမှုကွန်ရက်ပေါ် တင်လိုက်တဲ့ ဓါတ်ပုံတွေထဲက လူနာမည်တွေကို မျက်နှာပြင်တိုက်စစ်တဲ့ ဆော့ဖ်ဝဲလ်နဲ့ Tag လုပ်မလားဆိုတဲ့စနစ်ကို ၂၀၁၁ ခုနှစ်မှာ စတင် သုံးစွဲခဲ့တာပါ။ အီလီနွိုက်စ်ပြည်နယ်ရဲ့ ဇီဝသတင်းအချက်အလက် လုံခြုံရေးအက်ဥပဒေဟာ …

မျက်နှာဖတ်စနစ်သုံးမိလို့ တစ်ယောက်ကို ဒေါ်လာ ၄၀၀ နီးပါး လျော်နေရတဲ့ Facebook  Read More »