ကျန်စစ်သား နဲ့ မြင်းမထိတောင်

ကျန်စစ်သား နဲ့ မြင်းမထိတောင်

အောင်ပန်းမြို့နှင့် ၂မိုင်အကွာ ၊ ကလောမြို့နှင့် ၄မိုင်အကွာတွင် လွန်ခဲ့သောနှစ်ပေါင်း ၂၀၀၀ကျော်ကတည်းက ရှိခဲ့သော သဘာဝလှိုဏ်ဂူကြီး တစ်ခုရှိပါတယ်။ လှိုဏ်ဂူရဲ့ ရှေးဟောင်းအမည်ကတော့ မြင်းမထိဂူ ဖြစ်ပြီး သီရိဓမ္မာသောကမင်းကြီးက ဥဏ္ဏလုံမွေရှင်တော် ဘုရားစေတီတည်ထားခဲ့သဖြင့် ဥဏ္ဏလုံမွေတော် လှိုဏ်ဂူဘုရားလို့ လည်း ခေါ်ကြပါတယ်။ လှိုဏ်ဂူအတွင်းရှိလမ်းမှာ ၁၀၈၂ပေ ရှည်လျားပြီး အတွင်းဘက်တွင် ဉာဏ်တော် ၉ ပေခန့်မြင့်တဲ့ အာသောကမင်းကြီးတည်ခဲ့တဲ့ ဥဏ္ဏလုံမွေရှင်တော် ဘုရားကို တည်ထားပါတယ်။ မြင်းမထိဂူ ရဲ့ မျက်နှာချင်းဆိုင်မှာတော့ ၁၀၇၅ပေ အမြင့်ရှိတဲ့ မြင်းမထိတောင် ရှိပါတယ်။ မြင်းမထိတောင်လို့ ဖြစ်လာရတဲ့ ဒဏ္ဍာရီလာ သမိုင်းက ဒီလိုပါ- ဒီတောင်ရဲ့ တောင်ဘက်နားက ရွာကြီးတစ်ရွာမှာ စိုက်ပျိုးထားတဲ့ ကောက်ပဲသီးနှံတွေကို ချိုင့်ကြီးထဲက တက်လာတယ်ဆိုတဲ့ မြင်းကြီးလေးကောင်က စားသောက်ပြစ်ကြပါတယ်။ ကြီးမားသန်စွမ်းတဲ့ မြင်းတွေ …

ကျန်စစ်သား နဲ့ မြင်းမထိတောင် Read More »