Health

PainYinePin

ကျောက်ကပ်ကြောင့် ဆီးသွားရခက်နေသူများ၊ ဆီးမထွက်သူများကို သက်သာပျောက်ကင်းစေတဲ့ ဆေးနည်း

ကျောက်ကပ်ကြောင့် ဆီးသွားရခက်နေသူများ၊ ဆီးမထွက်သူများကို သက်သာပျောက်ကင်းစေတဲ့ ဆေးနည်း ဆေးပင်ကမခက်ပါဘူး။ အနီးနားမှာအလွယ်တကူရှာလို့ရနိုင်တဲ့ ပိန်းရိုင်းပင်ပါပဲ။ ပိန်းရိုင်းပင်မှာ ရိုးတံအစိမ်းနဲ့ ရိုးတံအနက်ဆိုပြီးနှစ်မျိုးရှိပါတယ်။ဆေးအတွက်ရိုးတံအနက်ကိုပဲ ယူရမှာပါ။အဲဒီပိန်းရိုင်းပင်ကိုသုံးပင်နှုတ်ရပါမယ်။ အမြစ်ပါ ပါရပါမယ်။ပဉ္စငါးပါးလုံးကို သုံးခွက်တစ်ခွက်တင်ကြိုပြီး ဝေဒနာရှင်ကိုရေဆာတိုင်းတိုက်ရပါမယ်။အဲဒီလိုတိုက်တာနဲ့ ညဖက်မှာ ဆီးစသွားပါလိမ့်မယ်။ တစ်ပါတ်အတွင်းမှာအဖေါကျလာပါလိမ့်မယ်။ရောဂါအမြစ်ပြတ်သည်အထိ တစ်လခန့်နေ့စဉ်တိုက်ပေးရပါမယ်။ လူကောင်းပကတိဖြစ်သွားရင် ဆက်တိုက်စရာမလိုတော့ပါဘူး။ပိန်းရိုင်းကိုပြုတ်ထားတဲ့အရည်ဟာ လုံးဝမယားပါဘူး။တစ်ချို့ဒေသတွေမှာ ဟင်းချက်စားလေ့ရှိကြပါတယ်။ဒီဆေးနည်းကို၂၀၁၂ခုနှစ်က ကော့ကရိတ် အမှတ်၃ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအောင်မင်းငွေပြောပြခဲ့တဲ့နည်းပါ။သူ့ဖခင်ကျောက်ကပ်မကောင်းလို့ဖေါယောင်ပြီးသေလူသတ်မှတ်ထားတဲ့အခြေအနေမှာ လူနာသတင်းလာမေးတဲ့ အသိမိတ်ဆွေကရင်မကြီးက”ငါတို့ရွာမှာဒီရောဂါဖြစ်ရင်ရိုးတံအနက်နဲ့ပိန်းရိုင်းပင်ကိုပြုတ်တိုက်တာပဲ။နင့်အဖေမသေစေရဘူးအာမခံတယ်”လို့ပြောတာနဲ့ ငွေလည်းမကုန်တဲ့ဒီဆေးပင်ကိုနေရာအနှံ့မှာအလွယ်တကူတွေ့နိုင်လို့ တစ်နေ့ကိုသုံးပင်နှုန်းနဲ့ပြုတ်တိုက်ခဲ့တာပါ။အခုတော့ အသက်ရှစ်ဆယ်ကျော်သူ့ဖခင်ဟာမြဝတီမှာသားတစ်ယောက်နဲ့ ကျန်းမာပျော်ရွှင်စွာနေထိုင်လျက်ရှိပါနယ်။ဆေးနည်းတိုတွေများစွာရှိပါတယ်။ဝေဒနာရှင်များမိမိအဆင်ပြေရာနည်းနဲ့ရောဂါပျောက်ကင်း ကျန်းမာကြပါစေ။credit – မူရင်း

Pae-Saung-Lyar-Thi

ကျန်းမာရေးအတွက် တစ်ပင်လုံးအသုံးဝင်တဲ့ ပဲစောင်းလျားသီး

ပဲစောင်းလျားသီးကျန်းမာရေးအစွမ်း ပဲစောင်းလျားသီးကို ပူပြီးစွတ်စိုတဲ့ နေရာတွေမှာ အတွေ့များပါတယ် နွယ်ပင်အနေနဲ့ ပေါက်ရောက်တဲ့ ပဲစောင်းလျားပင်က ပျှမ်းမျှအားဖြင့် ၃ , ၄ မီတာ လောက်မြင့်ပါတယ်။ပဲစောင်းလျားပင်ရဲ့ အမြစ်က အာလူးနဲ့ဆင်တူပြီး အာလူးထက် ပရိုတင်းဓာတ် ပါဝင်မူ ပိုများပါတယ်။အမြစ်ထဲမှာ အသား ဓာတ် ပရိုတင်း ၂၀% ပါတယ်။ ပဲစောင်းလျားသီးအမြစ် ဖြစ်တဲ့ ပဲမြစ်မှာ ပရိုတင်းဓာတ်များစွာပါသလို အရွက် အပွင့်များမှာလည်း အသား ဓာတ်ပါဝင်ပါတယ်။ တပင်လုံး ဆေးဖက်ဝင်ပါတယ်။ မူးဝေခြင်းကို သက်သာစေတယ်။ မလေးရှားနိုင်ငံမှာ ရေကျောက် ကုသရာ၌၎င်း အသုံးပြုပါတယ်။ဗီတာမင်နဲ့သတ္ထုဓာတ်ပါဝင်မူ ပဲစောင်းလျားသီးမှာ ဗီတာမင် အေ , ဗီတာမင်စီ , ကယ်လ်စီယမ် , သံဓာတ် , အခြားဗီတာမင်များစွာနဲ့ အင်ဇိုင်းတို့ပါဝင်ပါတယ်။ အရိုးကို ကျန်းမာစေခြင်း …

ကျန်းမာရေးအတွက် တစ်ပင်လုံးအသုံးဝင်တဲ့ ပဲစောင်းလျားသီး Read More »