ခြင်္သေ့မျိုးစိတ် ၈ ခု အကြောင်း
တောဘုရင်တွေလို့ လူသိများထင်ရှားတဲ့ခြင်္သေ့တွေဟာ ကြောင်ကြီးမျိုးနွယ်ဝင်တွေဖြစ်ကြပြီး Panthera genus မျိုးစိတ်တွင်းပါဝင်နေပါတယ်။ ကြောင်ကြီးမျိုးစိတ်ဝင်တွေအနက် ကျားသတ္တဝါတွေပြီးရင်တော့ ခြင်္သေ့တွေဟာ ဒုတိယအကောင်အကြီးဆုံး ဖြစ်ပြီး ယနေ့အချိန်မှာတော့ အိန္ဒိယနဲ့ အာဖရိကတိုက်ရဲ့ ဆာဟာရဒေသတွင်းမှာပဲ အများဆုံးတွေ့မြင်ရပါတော့တယ်။ (၂၀၁၇)ခုနှစ်မတိုင်ခင်ကတော့ ခြင်္သေ့မျိုးစိတ်တွေကို အာရှ နဲ့ အာဖရိကခြင်္သေ့အဖြစ် အဓိကအားဖြင့်ခွဲခြမ်းသတ်မှတ်ခဲ့ကြပါတယ်။ ယနေ့အချိန်မှာတော့ ခြင်္သေ့တွေကို P.I.leo နဲ့ P.I melanochaita ဆိုပြီး အဓိက မျိုးစိတ်ကြီး(၂)ခုအဖြစ် ခွဲခြားထားပါတယ်။ အဲဒီမျိုးစိတ်ကြီး ၂ခုကနေမှ ဘာဘရီခြင်္သေ့ ၊ မာဆိုင်းခြင်္သေ့ ၊ အီသီယိုးပီးယားခြင်္သေ့ ၊ အာရှခြင်္သေ့ စသည်ဖြင့် ခြင်္သေ့အမျိုးအစားတွေကို ထပ်ခွဲပါသေးပါတယ်။ ကြောင်ကြီးမျိုးစိတ်တွေအနက်မှာတော့ ခြင်္သေ့တွေဟာ အလွန်ကိုသန်မာကြပြီး ခြင်္သေ့အမများစွာ၊ သားပေါက်များစွာနဲ့ စုစုစည်းစည်း နေထိုင်ကြလေ့ရှိပါတယ်။ ခြင်္သေ့တွေဟာ ဆာဗားနားမြတ်ခင်းပြင်ကျယ်ကြီးတွေမှာ နေထိုင်ရတာကိုနှစ်သက်လေ့ရှိပြီး ချုံနဲ့ …