Electronic

iPhone ထုတ်ဖို့ တရုတ်ထက် အိန္ဒိယနဲ့ ဗီယက်နမ်ကို အားစိုက်လာတဲ့ Apple

Apple ထုတ်ကုန်ရဲ့ ၉၀% ကျော်ကို တရုတ်မှာ အပြင်ကန်ထရိုက်တွေနဲ့ ထုတ်လုပ်နေကြတယ်လို့ ဆိုပါတယ်။ Apple ကုမ္ပဏီအတွက် အိန္ဒိယဟာ iPhone ထုတ်လုပ်ရေးမှာ ဒုတိယတရုတ်ပြည် ဖြစ်လာပါတယ်။  ကိုဗစ်ကင်းစင်ရေးအတွက် တင်းကျပ်တဲ့ တရုတ်အစိုးရရဲ့ မူဝါဒတွေကြောင့် iPhone နဲ့ Mac ထုတ်ကုန် ထုတ်လုပ်ရေး နှောင့်နှေးနေတဲ့ Apple ဟာ တရုတ်ပြင်ပ ထုတ်ကုန်ထုတ်လုပ်ရေးကို တိုးမြှင့်ဖို့အတွက် ကန်ထရိုက်ထုတ်လုပ်သူတချို့ကို မှာကြားထားတယ်လို့ ဆိုပါတယ်။ The Wall Street Journal သတင်းအရ အိန္ဒိယနဲ့ ဗီယက်နမ်တို့ဟာ တရုတ်နိုင်ငံအစား Apple ထုတ်ကုန် ထုတ်လုပ်ရေးမှာ အားကိုးစရာနိုင်ငံတွေ ဖြစ်လာတယ်လို့ ဖော်ပြထားပါတယ်။  ဈေးကွက်တန်ဖိုးအရ အကြီးဆုံးအမေရိကန်ကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Apple ရဲ့ လုပ်ရပ်ဟာ ထုတ်လုပ်ရေးနဲ့ အရေးကြီး ပစ္စည်းအစိတ်အပိုင်းတွေမှာ …

iPhone ထုတ်ဖို့ တရုတ်ထက် အိန္ဒိယနဲ့ ဗီယက်နမ်ကို အားစိုက်လာတဲ့ Apple Read More »

အကောင့်တုပြဿနာကလည်း ထင်တာထက် ပိုရှုပ်နိုင်ပါတယ်

အကောင့်တုပြဿာနာကြောင့် ဝယ်ဖို့ကိစ္စဆိုင်းထားတဲ့ အီလွန်မတ်စ်ဟာ အခုတစ်ခါမှာ Twitter ရောင်းဈေးကို ပြန်ညှိဖို့ စကားဦးသန်းလာပြီ ဖြစ်ပါတယ်။ ကုမ္ပဏီရောင်းဈေး လျှော့ပေးရေးကိစ္စဟာ ဘောင်အပြင်က မေးခွန်းမဟုတ်ဘူးလို့ အီလွန်မတ်စ်က ပြောလိုက်ပြီးနောက် Twitter ကုမ္ပဏီအတွက် ရောင်းဈေးကို ပြန်ညှိဖို့ မတ်စ်က စကားစလာတယ်လို့ Bloomberg သတင်းက တနင်္လာနေ့မှာ ဖော်ပြပါတယ်။  ရင်းနှီးမြှပ်နှံသူတွေဖြစ်တဲ့ Chamath Palihapitiya ၊ Jason Calacanis ၊ David Sacks နဲ့ David Friedberge တို့ ဆွေးနွေးကြတဲ့ မိုင်ယာမီကမ်းခြေက All-In နည်းပညာကွန်ဖရင့်မှာ မတ်စ်က အခုလို မှတ်ချက်ပေးလာတာ ဖြစ်ပါတယ်။ပြီးခဲ့တဲ့ သောကြာနေ့မှာ Twitter ပလက်ဖောင်းပေါ်က Spam နဲ့ Fake အကောင့်ပမာဏအကြောင်း ထုတ်ပြန်တဲ့ Twitter …

အကောင့်တုပြဿနာကလည်း ထင်တာထက် ပိုရှုပ်နိုင်ပါတယ် Read More »