အီဂျစ်ဘုရင်မ ကလီယိုပါထရား အကြောင်း
ကလီယိုပါထရားသည် (Cleopatra) ရှေးခေတ်ကမ္ဘာ့သမိုင်းတွင် ထင်ရှားခဲ့သော အီဂျစ်ဘုရင်မဖြစ်သည်။ ထူးခြားစွာလှပသော အဆင်းအင်္ဂါပြည့်စုံသည့်ဘုရင်မဖြစ်သဖြင့်ထိုခေတ်ကအထူးချွန်ဆုံးဘုရင် နှစ်ပါးအား သူ၏ ရူပါရုံကျော့ကွင်းသို့ သက်ဆင်းစေ၍ သူစေသမျှကို တသဝေမတိမ်း ပြုလုပ်ပေးကြရသော အခြေသို့ရောက်အောင် စွမ်းဆောင်နိုင်ခဲ့လေသည်။ ထို့ကြောင့် ကလီယိုပါထရားကို နိုင်းမြစ် ဒေသမြွေဟောက်မ-ဟူ၍ ခေါ်ကြလေသည်။ ကလီယိုပါထရားမှာ အီဂျစ်သွေးမပါ။ မက်ဆီဒိုနီးယန်းနှင့် ဂရိသွေးနှောသည့် အဆက်အနွယ်ဝင် ဘုရင်မဖြစ်သည်။ သူသည် အီဂျစ်နိုင်ငံကို အုပ်စိုးခဲ့သော ၁၁-ဆက်မြောက် တော်လမီ ဘုရင်ကြီး၏ သမီးတော်ဖြစ်သည်။ ဘီစီ ၅၁-ခုနှစ်တွင် ခမည်းတော်ဘုရင်ကြီး ကံကုန်သောအခါ ၁၇-နှစ်အရွယ်ရှိ သမီးတော် ကလီယိုပါထရားနှင့် ၁၀-နှစ်အရွယ်ရှိ သားတော် ၁၂-ဆက်မြောက် တော်လမီမင်းသားတို့သည် အီဂျစ်နိုင်ငံကို တွဲဖက်၍ အုပ်စိုးခဲ့ကြသည်။ ခမည်းတော်ဘုရင်ကြီး နတ်ရွာစံ၍ သုံးနှစ်အကြာ မောင်တော်ဘုရင်ငယ်နှင့် အပေါင်းပါတို့သည် ကလီယိုပါထရားကို နန်းချ၍ …