Google က သင့်အား Quantum Computer ကို Run စေလိုပါသည်။
Google သည် လူအများတို့အား ၎င်းတို့၏ Browser များတွင် ကွမ်တမ်ကွန်ပျူတာများကို အသုံးပြုစေရန်အလို့ငှာ Qubit Game ကို ထုတ်ဝေခဲ့သည်။
Google သည် Doublespeak Games ဖြင့် The Qubit Game ကို တီထွင်ခဲ့ပြီး World Quantum Day ကို ဂုဏ်ပြုသောအားဖြင့် ဧပြီလ 14 ရက်နေ့တွင် ထုတ်ဝေခဲ့ကြောင်း 9to5Google မှ ထုတ်ပြန် ခဲ့သည်။ (လူများသာ ဤ Game ထွက်ရှိပြီကို သတိပြုမိလျှင် ၎င်းတို့၏ အားလပ်ရက်အတွက် အချိန်ကုန်လွန်စရာ ရရှိမည်ဖြစ်သည်။) Game သည် ဤစာရေးနေစဥ်အချိန်တွင် ရှိနေပြီဖြစ်သည်။

Qubit Game သည် အစပိုင်းတွင် ကစားသူအား ရိုးရှင်းသကဲ့သို့ လှည့်စားထားသည်။ ကစားသူသည် မိမိ ဖာသာ Quantum Computer ကိုတည်ဆောက်ကာကွယ်ရသည်။ ကစားသမားများအား ၎င်းတို့၏ cursor ကိုအသုံးပြုကာ ပေါ်ထွက်လာသောအပူမီး (အနီရောင်အကွက်များ) ကို မိမိ၏ကွန်ပျူတာ Qubit အဝိုင်းအမဲလေးအား မထိအောင်ကာကွယ်ရသည်။ Qubits အဝိုင်းလေးများသည် ပေါင်းစပ်ကာ qubits တွက်ချက်ခြင်းများကိုလုပ်ဆောင်သည်။ မိမိ Quantum Computer ကိုအဆင့်တင်ခြင်းများပါဝင်သောကြောင့် ဂိမ်းသည် နောက်ပိုင်းတွင်ပိုမိုခက်ခဲလာသည်။
ရိုးရှင်းတဲ့ဂိမ်းတစ်ခုအနေနဲ့ စတင်ခဲ့တဲ့ Qubit Game ဟာ နောက်ဆုံးမှာ အဆင့်ရှုပ်ထွေးခက်ခဲလာသော ကစားနည်းတစ်မျိုးဖြစ်လာပါတယ်.. စာဖတ်သူတို့လဲ ဘယ်အဆင့်အထိ ဖြေရှင်းအဖြေရှာနိုင်မလဲဆိုတာကို စမ်းစေချင်ပါတယ်။
Credit: PCMAG
And Michael Kan