Meta (Facebook)

Meta သည် Doxxing နှင့်ပတ်သက်သော မူဝါဒအသစ်များကို ပြဌာန်းလိုက်သည်။

Meta သည် Doxxing နှင့်ပတ်သက်သော မူဝါဒအသစ်များကို ပြဌာန်းလိုက်သည်။

ကုမ္ပဏီသည် ၎င်း၏ကြီးကြပ်ရေးဘုတ်အဖွဲ့ (Oversight Board) မှ လူတစ်ဦးတစ်‌‌ယောက်၏နေရပ်လိပ်စာနှင့် သက်ဆိုင်သော အချက်အလက်မူဝါဒ များနှင့်ပတ်သက်သော အကြံပြုချက်များကို တုံ့ပြန်ခဲ့သည်။

Doxing (တစ်ခါတစ်ရံ Doxxing သို့ doxx ဟုရေးသားသည်) သည်။ Doxing ဆိုသည်မှာ အွန်လိုင်းတွင် တစ်စုံတစ်ဦးနှင့်ပတ်သက်သည့် အချက်အလက်များကို ဖော်ထုတ်ဖော်ပြသည့်လုပ်ရပ်ဖြစ်သည်။ ဥမာအဖြင့် တစ်စုံတစ်ဦး ၏အမည်ရင်း၊ နေရပ်လိပ်စာ၊ အလုပ်ခွင်၊ ဖုန်း၊ ငွေကြေးနှင့် အခြားကိုယ်ရေးကိုယ်တာ အချက်အလက်များ ကဲ့သို့သော သတင်းအချက်အလက်များကို အွန်လိုင်းတွင်ဖော်ထုတ်ဖော်ပြသည့်  လုပ်ရပ်ဖြစ်သည်။

Meta သည် ၎င်းကြီးကြပ်ရေးဘုတ်အဖွဲ့၏ အကြံပြုချက်အချို့ကို တုံ့ပြန်သည့်အနေဖြင့် Facebook တွင် အသုံးပြုသူများ အချင်းချင်း  အလွယ်သကူ doxx မလုပ်နိုင်ရန် အတွက် ၎င်း၏နေရပ်လိပ်စာနှင့် သက်ဆိုင်းသော အချက်အလက်မူဝါဒကို ပိုမိုတင်းကြပ်လိုက်သည်။

ကုမ္ပဏီသည် Facebook အသုံးပြုသူများမှ လူတစ်ဦးတစ်ယောက်၏ အိမ်လိပ်စာကို Facebook ပေါ်တွင်တင်ခြင်း နှင့်ပတ်သက်သော ဥပ‌‌ဒေ ဆိုင်ရာ အကြံပြုချက်များကို 2021 ခုနှစ် ဇွန်လတွင် ၎င်း ကြီးကြပ်ရေးဘုတ်အဖွဲ့၏ သဘောထားကို တောင်းခံခဲ့သည်။ ဘုတ်အဖွဲ့သည် ဖေဖော်ဝါရီလတွင် ၎င်း၏မူဝါဒဆိုင်ရာ အကြံပေးအမြင် (PAO) ကို ထုတ်ပြန်ခဲ့သည်။

“သတင်း အချက်အလက်ကို မျှဝေပြီးသည်နှင့်၊ အန္တရာယ်များ ဖြစ်ပေါ်လာနိုင်သည်။ ဥပမာ အားဖြင့် doxing ကဲ့သို့သော အခြေအနေများဖြစ်ပေါ်လာပြီး ကုစားရန် ခက်ခဲမည်။” ဟု ကြီးကြပ်ရေးဘုတ်အဖွဲ့မှ ဖေဖော်ဝါရီလ ဘလော့ဂ်ပို့စ်တွင် ဖော်ပြထားသည်။ “အမျိုးသမီးများ၊ ကလေးများနှင့် LGBTQIA+ လူများကဲ့သို့ အုပ်စုများ များသည် doxing ပြုလုပ် ခန်ရခြင်ဖြင့် စိတ်ပိုင်းဆိုင်ရာ ပူပန်မှု၊ အလုပ်အကိုင် ဆုံးရှုံးခြင်းနှင့် ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်ခန်ရမှများရှိကာ တစ်ခါတစ်ရံ အသက်ဆုံးရှုံးခြင်းများဖြစ်ပေါ်သည်။”

Meta သည် ယခုအခါ PAO (PDF) သို့ တုံ့ပြန်ခဲ့သည်။ ကုမ္ပဏီက ဘုတ်အဖွဲ့၏ အကြံပြုချက်များထဲမှ ငါးချက်ကို အပြည့်အဝအကောင်အထည်ဖော်မည်ဖြစ်သည်။ ထိုအချက်ငါးချက်မှ အကြံချက်တစ်ခုခြင်းစီကို တစ်စိတ်တစ်ပိုင်း အနေဖြင့် အကောင်အထည်ဖော်မည်ဖြစ်သည်။ ကျန်ရှိသောအကြံပြုချက်ခြောက်ခု၏ ဖြစ်နိုင်ခြေကို အကဲဖြတ်နေစဥ် အတွင်း ကျန်အကြံပြုချက်ငါးချက်ကို ထပ်မံအရေးယူမည်မဟုတ်ကြောင်း ကုမ္ပဏီက ပြောကြားခဲ့သည်။

အပြောင်းအလဲများသည် Facebook မှ ပြဌာန်းထားသော အသုံးပြုသူများ၏ အိမ်လိပ်စာသတင်းအချက် အလက် ဥပ‌‌ဒေ မှ users က၎င်း နေထိုင်ရာအိမ်လိပ်စာအချက်အလက်များ၊ အိမ်ပုံများ ကို Stories များတွင် လူသိရှင်ကြားမျှ‌ဝေခြင်းများကို ဖယ်ရှားသွားမည်ဖြစ်ပြီး၊ ၎င်း၏မူဝါဒများကို ပိုမိုရှင်းလင်းပြတ်စွာဖော်ပြရ၍ တိကျသောမူဝါဒလမ်းညွှန်ချက်ကို မလိုက်နာသောအသုံးပြုသူများအား မူဝါဒဆိုင်ရာသတင်းအချက်အလက် များကို ပိုမိုအသိပေးသွားမည်ဖြစ်သည်။

Meta မှ “Instagram လူထုလမ်းညွှန်ချက်များကိုလဲ Facebook လူထုလမ်းညွှန်ချက်များနှင့် ကိုက်ညီအောင် တိုးမျှင့်တတ်မှတ်သွားမည်ဖြစ်ပြီး ဥပ‌ဒေ အသစ်နှင့်ကိုက်ညီမှုမရှိသူများအား အသိပေးခြင်းအာဖြင့်” Instagram နှင့် ၎င်း၏အသုံးပြုသူများအတွက် Facebook ၏ doxxing ဆန့်ကျင်ရေးမူဝါဒကို ကျင့်သုံးရန် ပိုမိုလွယ်ကူစေမည်ဖြစ်သည်။

ထပ်မံအကဲဖြတ်ရန် လိုအပ်သည့် အကြံပြုချက်များတွင် အသုံးပြုသူများ တောင်းဆိုခြင်း သို့မဟုတ် မူဝါဒချိုးဖောက်မှုများအကြောင်း နောက်ထပ်အကြောင်းအရာများ ပေးပို့ခြင်း။ အခြားအကြံပြုချက်များတွင် အဆိုပါမူဝါဒချိုးဖောက်မှုများအတွက် ယာယီဆိုင်းငံ့ထားခြင်းနှင့် သတိပေးအလံပြထားသောအကြောင်းအ ရာများကို ဖယ်ရှားရန် ရွေးချယ်မှုတို့ပါဝင်သည်။

Credit: PCMAG

Credit: Nathaniel Mott

Leave a Comment

Your email address will not be published. Required fields are marked *