Wuppertal Schwebebahn

နှစ်ပေါင်း ၁၂၀ သက်တမ်းရှိ ဂျာမနီ ကောင်းကင်ရထား

Wuppertal ဆိုတာ ဂျာမနီနိုင်ငံ အနောက်ပိုင်းမှာရှိတဲ့ မြို့တမြို့ဖြစ်ပါတယ်။ ဒီမြို့လယ်မှာ တမူထူးခြားတဲ့ ရထားကို မြင်ရမှာဖြစ်ပါတယ်။ ပုံမှန်ရထားတွေဟာ ရထားလမ်းကြောင်း အပေါ်ကနေ သွားလေ့ရှိပေမယ့် ဒီရထားကတော့ ရထားလမ်းအောက်ကနေ တွဲလွဲချိတ်ပြီး သွားနေတာပါ။ ဒီရထားကိုတော့ Wuppertal Schwebebahn လို့ ခေါ်ပါတယ်။

ဂျာမနီနိုင်ငံဟာ ဒုတိယ ကမ္ဘာစစ်မတိုင်မီက နည်းပညာအထွန်းကားဆုံး နိုင်ငံတနိုင်ငံ ဖြစ်ခဲ့ဖူးပါတယ်။ ဒီရထားလမ်းကြောင်းကို ၁၉၀၁ ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ယခုထိတိုင် ဆက်လက်ပြေးဆွဲနေတာကြောင့် သူ့ရဲ့သက်တမ်းဟာ နှစ်ပေါင်း ၁၂၀ ခန့် သက်တမ်း ရှိသွားပြီ ဖြစ်ပါတယ်။ ရှေးအကျဆုံး ကောင်းကင် လျှပ်စစ်ရထားလမ်းကြောင်းလည်း ဖြစ်ပါတယ်။

ဒီဇိုင်းတီထွင်ပေးသူကတော့ ဂျာမန်လူမျိုး အင်ဂျင်နီယာ နဲ့ တီထွင်သူ Eugen Langen ဖြစ်ပြီး ဂျာမနီ ဘာလင် ၊ မြူးနစ် နဲ့ ပိုလန် ဘရက်စလို မြို့တွေအတွက် ရည်ရွယ်ခဲ့တာဖြစ်ပါတယ်။ ရထားဘူတာရုံတွေကိုတော့ ၁၈၉၇ ခုနှစ် နဲ့ ၁၉၀၃ ခုနှစ်ကြားမှာ တည်ဆောက်ခဲ့တာဖြစ်ပြီး ပထမဆုံး ရထားလမ်းကြောင်းကိုတော့ ၁၉၀၁ ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။ ကုန်ကျစရိတ်အနေနဲ့ အဲဒီတုန်းက ဂျာမနီငွေ ၁၆ သန်းခန့် ကုန်ကျခဲ့ပါတယ်။

နှစ်ပေါင်းများစွာ ဝန်ဆောင်မှုပေးခဲ့တဲ့ ဒီကောင်းကင်ရထားတွေကို ယနေ့ထိတိုင် Wuppertal မြို့မှာ တွေ့နေရတာဖြစ်ပြီး ဒေသခံတွေအတွက် အဓိက ခရီးသွားလာရေးလမ်းကြောင်းတခုအဖြစ် တာဝန်ထမ်းဆောင်နေဆဲဖြစ်ပါတယ်။ ၈ မိုင်ကျော် ရှည်လျားတဲ့ ဒီလမ်းကြောင်းမှာ ဘူတာရုံ ၂၀ ပါဝင်ပြီး တပတ်ကို ခရီးသွား ၈၀၀၀၀ကျော်ကို သယ်ယူပို့ဆောင်ပေးနေတုန်းပါပဲ။

မြစ်တွေ လမ်းတွေရဲ့ အထက် ပေပေါင်း ၃၉ပေ အမြင့်ကနေ ရထားဟာ ချိတ်ဆွဲသွားလာနေတာ ဖြစ်ပါတယ်။ ပျက်စီးမှုတွေကြောင့် ရထားလမ်းကို အကြိမ်ကြိမ် ပြင်ဆင်အဆင့်မြှင့်တင်ခဲ့ပြီး ၂၀၀၄ ခုနှစ်ကဆိုရင် ပြင်ဆင်စရိတ် စုစုပေါင်းဟာ ယူရို သန်း ၃၈၀ နဲ့ ၄၈၀ ကြား ကုန်ကျခဲ့ပါတယ်။ ရထားအိမ်တွေတွေကိုလည်း အဆင့်ဆင့်မွမ်းမံ လဲလှယ်တပ်ဆင်ခဲ့တာ အခုဆိုရင် မျိုးဆက် ၁၅ အထိ ရှိသွားပြီဖြစ်ပါတယ်။

ရထား ကို စတီးဖရိန်တွေက အဓိကပံ့ပိုးထားတာဖြစ်ပြီး ဘီးတွေနဲ့အတူ ၇၅၀ ဒီစီ ဗို့အား ရှိတဲ့ လျှပ်စစ်မော်တာတွေနဲ့ မောင်းနှင်တာဖြစ်ပါတယ်။ ကားရထားအိမ်တစီးဟာ ၂၄ မီတာ ရှည်လျားပြီး တံခါးပေါက် ၄ ခု ပါဝင်ပါတယ်။

တစီးကို ထိုင်ခုံမှာ လူပေါင်း ၄၈ယောက် နဲ့ မတ်တပ်ရပ်သူ ၁၃၀ ခန့် လိုက်ပါစီးနင်းနိုင်ပါတယ်။ ခေတ်မီနည်းပညာများနဲ့ အဆင့်မြှင့်တင်ထားပြီး ထိုင်ခုံစနစ် ၊ လေအေးပေးစက်စနစ် ၊ သတင်းအချက်အလက်ပြစနစ်များနဲ့ lED မီးများကိုပါ အလှဆင်ထားပါတယ်။

ရထား ကို စတီးဖရိန်တွေက အဓိကပံ့ပိုးထားတာဖြစ်ပြီး ဘီးတွေနဲ့အတူ ၇၅၀ ဒီစီ ဗို့အား ရှိတဲ့ လျှပ်စစ်မော်တာတွေနဲ့ မောင်းနှင်တာဖြစ်ပါတယ်။ ကားရထားအိမ်တစီးဟာ ၂၄ မီတာ ရှည်လျားပြီး တံခါးပေါက် ၄ ခု ပါဝင်ပါတယ်။

တစီးကို ထိုင်ခုံမှာ လူပေါင်း ၄၈ယောက် နဲ့ မတ်တပ်ရပ်သူ ၁၃၀ ခန့် လိုက်ပါစီးနင်းနိုင်ပါတယ်။ ခေတ်မီနည်းပညာများနဲ့ အဆင့်မြှင့်တင်ထားပြီး ထိုင်ခုံစနစ် ၊ လေအေးပေးစက်စနစ် ၊ သတင်းအချက်အလက်ပြစနစ်များနဲ့ lED မီးများကိုပါ အလှဆင်ထားပါတယ်။

ဂျာမန်တွေဟာ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက သူတို့ ဘယ်လောက်ခေတ်မီတိုးတက်နေသလဲ ဆိုတာကို ပြသဖို့ ဒီရထားကို ဆက်လက်ထားရှိဟန်တူပါတယ်။ ကျွန်တော်တို့ဆီမှာတော့ ယခုတိုင်အောင် ပုံမှန်ရထားလမ်းကြောင်းတွေ စနစ်ကျ တွင်ကျယ်ခြင်း မရှိသေးချိန်မှာ ဂျာမန်တွေကတော့ လွန်ခဲ့တဲ့နှစ်ပေါင်း ၁၂၀ လောက်ကတည်းက ဒီရထားမျိုးပြေးဆွဲပြနေခဲ့ပါပြီ။

Leave a Comment

Your email address will not be published. Required fields are marked *