BBQ အစားပြိုင်ပွဲမှာ

BBQ အစားပြိုင်ပွဲမှာ စားနိုင်လွန်တာကြောင့် စားသောက်ဆိုင်ကနေ တစ်သက်တာ နာမည်ပျက်စာရင်း တင်သွင်းခံရသူ

အမျိုးသားတစ်ယောက်ဟာ BBQ အစားပြိုင်ပွဲကနေ စားနိုင်လွန်အားကြီးတာကြောင့် တစ်သက်တာ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ပိခုလိုစားသောက်ဆိုင်ကနေတ်ပင်ခံလိုက်ရပါတယ်။ အစားပြိုင်ပွဲမှာ စားနိုင်ဖို့က အဓိကဆိုပေမယ့် သူဟာ ၀က်သား ၁.၅ ကီလိုဂရမ်ကိုတောင် စားနိုင်ပါတယ်။ သူ့နာမည်ကတော့ Mr.Kang ပဲဖြစ်ပြီး သူ့အနေနဲ့ နှင်ထုတ်ခံရတယ်ဆိုတာ ခွဲခြားခံရတာဖြစ်ပြီး သူစားနိုင်တယ်ဆိုတာကလည်း သူ့အပြစ်မဟုတ်ကြောင်း ပြောခဲ့ပါတယ်။

စားသောက်ဆိုင်ပိုင်ရှင်ကတော့ Mr.Kang လာတဲ့ အခါတိုင်း သူတို့အနေနဲ့ ပိုက်ဆံမြောက်များစွာ ကုန်ကြောင်းပြောပါတယ်။ သူလာပြီးဆိုရင် ၀က်သား ၁.၅ ကီလိုဂရမ် နဲ့ ပုဇွန် ၄ ကီလိုဂရမ်ကို စားသောက်လေ့ရှိပါတယ်။ Mr.Kang ဟာ Live-streamer တစ်ယောက်ဖြစ်ပြီး ယခုအခါမှာတော့ တရုတ်နိုင်ငံ၊ Changsha ရှိ Handadi ပင်လယ်စာ BBQ ဘူဖေးတွင် ပိတ်ပင်ခံထားလိုက်ရပြီး နာမည်ပျက်စာရင်းသွင်းခံထားလိုက်ရပြီဖြစ်ပါတယ်။ သူ့အနေနဲ့ အဲ့ဒီဆိုင်က ဘာပြိုင်ပွဲလုပ်လုပ် ၀င်ပြိုင်ခွင့်လည်းမရတော့သလို ၀င်ရောက်စားသောက်ခွင့်လည်း မရှိတော့ပါဘူး။

စားသောက်ဆိုင်ပိုင်ရှင်ပြောဆိုချက်အရ ” သူလာပြီးဆို ကျွန်တော်တို့အမြဲတမ်း အနည်းဆုံး ယွမ် ရာဂဏန်းလောက် ဆုံးရှုံးတယ်၊ ပဲနို့သောက်ရင်တောင် ပုလင်း 20 ကနေ 30 အထိ သောက်နိုင်ပါတယ်။ ၀က်သားဆိုလည်းချထားတဲ့ ဗန်းတစ်ခုလုံးကို သူစားတယ်။ ပုဇွန်ဆိုရင် သူများတွေက ‌ညှပ်ယူကြပေမယ့် သူကတော့ ဗန်းနဲ့မပြီး ယူစားလေ့ရှိတယ် ” လို့သိရှိရပါတယ်။ ခုလိုစာရင်းသွင်းခံရပေမယ့် Mr.Kang ကနောင်တမရပေမယ့် စားနိုင်တာ အပြစ်လားဆိုပြီးတော့ ပြောပြခဲ့ပါတယ်။ လူတွေကတော့ ခုလိုဖြစ်ရပ်နဲ့ပတ်သက်ပြီး စားသောက်ဆိုင်အနေနဲ့ ကုန်ကျစရိတ်မတက်နိုင်ရင် ခုလို BBQ အစားပြိုင်ပွဲကို မကျင်းပသင့်ကြောင်း ပြောဆိုနေကြလျက်ရှိပါတယ်။

Leave a Comment

Your email address will not be published. Required fields are marked *