မြူးနစ်မြို့ဟာ Bavaria နယ်ရဲ့ မြို့တော်ဖြစ်သလို ဂျာမနီနိုင်ငံရဲ့ ဒုတိယလူဦးရေအများဆုံး ဖက်ဒရယ်ပြည်နယ်လည်း ဖြစ်ပါတယ်။မြူးနစ်ဟာ Bavaria ရဲ့အထက်ပိုင်းလွင်ပြင်ဒေသမှာ တည်ရှိပြီး Alps တောင်တန်းတွေနဲ့ ၃၁မိုင် ခန့် အကွာမှာ တည်ရှိပါတယ်။
၂၀၂၀ ခုနှစ် စာရင်းအရ မြူးနစ်မြို့ရဲ့လူဦးရေဟာ ၁.၅သန်း ခန့်ရှိပြီး ဘာလင် နဲ့ ဟမ်းဘတ်မြို့တွေရဲ့နောက် ဂျာမနီနိုင်ငံရဲ့ တတိယလူဦးရေအများဆုံး မြို့လည်းဖြစ်ပါတယ်။ မြို့ဧရိယာတခုလုံးမှာဆိုရင်တော့ လူဦးရေ ၆သန်းခန့် နေထိုင်ပါတယ်။
မြူးနစ်မြို့ဟာ ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ ၁၇၁၀ ခန့်မှာ တည်ရှိနေတာဖြစ်ပြီး ဧရိယာကတော့ စတုရန်းမိုင်ပေါင်း ၁၂၀ ခန့် ရှိပါတယ်။မြို့ရဲ့အမည်ကတော့ ဂျာမန်စကားလုံး Munichen ကနေ ဆင်းသက်လာတာဖြစ်ပြီး “ဘုန်းတော်ကြီးများ အားဖြင့်” လို့ အဓိပ္ပါယ် ရပါတယ်။

မြူးနစ်မြို့ရဲ့အစဟာ အေဒီ ၇၅၀ ခန့်မှာ တည်ထောင်ခဲ့တဲ့ Benedictine ဘုန်းတော်ကြီးကျောင်းကနေ စတင်ခဲ့ပါတယ်။ အေဒီ ၁၁၅၈ မှာတော့ မြို့အဖြစ် စတင် ဖြစ်ပေါ်လာခဲ့ပါတယ်။ အနှစ် ၃၀ စစ်ပွဲ ကာလအတွင်း ထင်ရှားတဲ့ အချက်အခြာနေရာတခု ဖြစ်ခဲ့ပါတယ်။၁၉ရာစု အစောပိုင်းကာလက Bavaria နယ်ဟာ အချုပ်အခြာပိုင် ဘုရင့်နိုင်ငံ တခုဖြစ်ခဲ့ပြီး အဲဒီကာလက မြူးနစ်မြို့ဟာ ဥရောပရဲ့ ဗိသုကာ ၊ စာပေ ၊ အနုပညာ နဲ့ သိပ္ပံဆိုင်ရာ ဗဟိုဌာနတခုဖြစ်ခဲ့ဖူးပါတယ်။
၁၉၁၈ ခုနှစ် ဂျာမန်တော်လှန်ရေးကာလအတွင်းမှာတော့ Bavaria အုပ်စိုးသူတွေဟာ နန်းစွန့်ဖို့ ဖိအားပေးခံရပြီးတဲ့နောက် မြူးနစ်ဟာ ဆိုရှယ်လစ်သမ္မတနယ်မြေ ခဏတာ ဖြစ်ခဲ့ပါသေးတယ်။၁၉၂၀ ခုနှစ်ဝန်းကျင်မှာတော့ မြူးနစ်မြို့ဟာ နိုင်ငံရေး ပါတီများအခြေစိုက်ရာ နေရာတခုဖြစ်ခဲ့ပြီး ဒီအထဲမှာ အမျိုးသားဆိုရှယ်လစ် ဂျာမန်အလုပ်သားပါတီ (ဝါ) နာဇီပါတီဟာ အထင်ရှားဆုံးဖြစ်ပါတယ်။ နာဇီပါတီ အာဏာရလာပြီးတဲ့နောက် မြူးနစ်ဟာ လူထုလှုပ်ရှားမှုရဲ့ မြို့တော်အဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။
၁၉၁၈ ခုနှစ် ဂျာမန်တော်လှန်ရေးကာလအတွင်းမှာတော့ Bavaria အုပ်စိုးသူတွေဟာ နန်းစွန့်ဖို့ ဖိအားပေးခံရပြီးတဲ့နောက် မြူးနစ်ဟာ ဆိုရှယ်လစ်သမ္မတနယ်မြေ ခဏတာ ဖြစ်ခဲ့ပါသေးတယ်။၁၉၂၀ ခုနှစ်ဝန်းကျင်မှာတော့ မြူးနစ်မြို့ဟာ နိုင်ငံရေး ပါတီများအခြေစိုက်ရာ နေရာတခုဖြစ်ခဲ့ပြီး ဒီအထဲမှာ အမျိုးသားဆိုရှယ်လစ် ဂျာမန်အလုပ်သားပါတီ (ဝါ) နာဇီပါတီဟာ အထင်ရှားဆုံးဖြစ်ပါတယ်။ နာဇီပါတီ အာဏာရလာပြီးတဲ့နောက် မြူးနစ်ဟာ လူထုလှုပ်ရှားမှုရဲ့ မြို့တော်အဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။

မြူးနစ်မြို့မှာ ၁၉၇၂ ခုနှစ် နွေရာသီ အိုလံပစ်ပွဲတော်ကျင်းပခဲ့ပြီး ၁၉၇၄ ခုနှစ် ၊ ၂၀၀၆ ခုနှစ် ဖီဖာ ကမ္ဘာ့ဖလားပွဲများ လက်ခံကျင်းပခဲ့ရာ မြို့တမြို့လည်းဖြစ်ခဲ့ပါတယ်။ယနေ့အချိန်မှာတော့ မြူးနစ်မြို့ဟာ အနုပညာ ၊ သိပ္ပံ ၊ နည်းပညာ ၊ စာအုပ်စာပေ ၊ ယဉ်ကျေးမှု ၊ တီထွင်မှု ၊ ပညာရေး ၊ ငွေကြေးဝန်ဆောင်မှု နဲ့ ခရီးသွားလာရေးဝန်ဆောင်မှု လုပ်ငန်းများ ထွန်းကားတဲ့မြို့တော်တခုဖြစ်နေပါပြီ။
လူနေမှုစနစ်အမြင့်မားဆုံး မြို့များစာရင်းမှာ ဂျာမနီနိုင်ငံရဲ့ ပထမနေရာကို ရရှိထားသလို ၂၀၁၈ ခုနှစ် Mercer survey စစ်တမ်းအဖွဲ့ရဲ့ သတ်မှတ်ချက်အရ ကမ္ဘာ့တတိယနေရာကိုလည်း ရွေးချယ်ခံထားရပါတယ်။ကမ္ဘာ့နေချင့်စဖွယ်အကောင်းဆုံးမြို့များစာရင်းမှာလည်း မကြာခဏ ရွေးချယ်ခံရပြီး ဂျာမနီရဲ့ အတိုးတက်ဆုံးမြို့တမြို့လည်း ဖြစ်ပါတယ်။
မြူးနစ်မြို့ရဲ့ အဓိက စီးပွားရေးကတော့ အဆင့်မြင့်နည်းပညာများ ၊ မော်တော်ယာဉ်ထုတ်လုပ်မှု နဲ့ စက်မှုဆိုင်ရာ ပစ္စည်းများ ၊ အိုင်တီနည်းပညာ ၊ ဇီဝနည်းပညာ ၊ အီလက်ထရောနစ် စတဲ့ လုပ်ငန်းတွေဖြစ်ပါတယ်။ ကမ္ဘာကျော် အကြီးစားကုမ္ပဏီကြီးတွေဖြစ်တဲ့ BMW, Siemens, MAN, Linde, Allianz နဲ့ MunichRE တို့ရဲ့ အခြေစိုက်ရာမြို့လည်းဖြစ်ပါတယ်။
မြူးနစ်ဟာ ဂျာမနီရဲ့ စီးပွားရေးအကောင်းဆုံးမြို့ဖြစ်ပြီး ဂျာမနီတောင်ပိုင်းတခုလုံးရဲ့ အဓိကစီးပွားရေးမြို့တော်လည်းဖြစ်ပါတယ်။ ၂၀၂၀ ခုနှစ် စာရင်းအရ ဒီမြို့နေထိုင်သူစုစုပေါင်းရဲ့ ၅.၄% သာ အလုပ်မရှိသူတွေဖြစ်ပြီး ဒါဟာ ဂျာမနီရဲ့ ဘယ်မြို့ထက်မဆို အနည်းဆုံးနှုန်းလည်းဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ် စာရင်းအရ မြူးနစ်မြို့နေထိုင်သူ တဦးရဲ့ နှစ်စဉ်ပျမ်းမျှဝင်ငွေဟာ ၇၉,၆၉၀ ယူရို ဖြစ်ပါတယ်။