သွားပိုးပေါက် နဲ့ သွားကိုက်ဝေဒနာ

သွားပိုးပေါက် နဲ့ သွားကိုက်ဝေဒနာတွေကို သက်သာစေတဲ့ မလကာရွက်

ကလေး၊ လူကြီး မည်သည့်အရွယ်မဆို သွားကိုက်တတ်ကြပါတယ်။ ကိုက်ပြီ ဆိုရင်လဲ ညနက်သန်းခေါင် ဖြစ်တတ်ကြတာမို့ ဆေးခန်းသွားဖို့ကလည်း မဖြစ်နိုင်ပြန်။ အလွန်ခံရခက်တဲ့ ဝေဒနာတမျိုးပါ။ဒါပေမဲ့ စိတ်မပူပါနဲ့ သင့်ပတ်ဝန်းကျင်မှာ မာလကာပင် တပင်လောက်ရှိရုံနဲ့ အဆင်ပြေသွားမှာပါ။ မာလကာရွက် ခပ်ရင့်ရင့် ၁၀ ရွက်လောက်ခူးလိုက်ပါ။ ရေစင်အောင်ဆေးပြီး အိုတလုံးထဲ ထည့် ရေကို မတ်ခွက်နဲ့ တခွက်လောက်လောက်ထည့်ပြီး ပွက်ပွက် ဆူအောင်ပြုတ်လိုက် ပါ။ အဖန်ရေ ရလာပြီဆိုရင် ချနိုင်ပါပြီး။ ခွက်ထဲသို့ အရည်စစ်ထည့်ပါ။

ပြီးရင် အအေးခံထားပါ။ ခပ်နွေးနွေးလေးရလောက်ရင် အာလုတ်ကျင်းပေးပါ။ သွားမကိုက်ရင် တောင် ကိုယ့်မှာ သွားပိုးပေါက်ရှိတယ်ဆိုရင် မကြာမကြာကြိုတင်ပြီး မာလကာရွက်ရည် နဲ့ အာ လုတ်ကျင်းပေးခြင်းအားဖြင့် သွားကိုက်သွားနာ ကင်းဝေးပါလိမ့်မယ်။

(ဆားမထည့်လဲ အဆင် ပြေပါတယ်။) ခုပဲ အိမ်မှာ မာလကာပင်လေး စိုက်ကြည့်ရအောင်လားး ။ ပန်းအိုးနဲ့တောင်စိုက်လို့ရတဲ့ မာလကာပင်လေးတွေ ရနေပြီ ဆိုတော့ မြေနေရာ မရှိလဲ စိတ်ပူစရာမလိုတော့ဘူးနော်၊ လက်ဆင့်ကမ်း မျှဝေပေးလို့လည်းရပါတယ်။

မူရင်းရေးသားသူကို လေးစားစွာဖြင့် credit ပေးပါတယ်။

Leave a Comment

Your email address will not be published. Required fields are marked *