တချိန်က အာရှမှာ ကျားဖြစ်ခဲ့သော အတိတ်က မြန်မာပြည်

တချိန်က အာရှမှာ ကျားဖြစ်ခဲ့သော အတိတ်က မြန်မာပြည်

တစ်ချိန်က Made in Burma ဆိုပြီး မြန်မာပြည်က ပစ္စည်းတွေ တစ်ကမ္ဘာလုံးကို ြဖြဖြန့်ခဲ့ဖူးတယ်

Maade in Burma ဆိုပြီး မြန်မာပြည်က ပစ္စည်းတွေ တစ်ကမ္ဘာလုံးကို ဖြန့်ခဲ့ဖူးတယ်။ တချိန်က မြန်မာပြည်မှာ ဒီဇွန်းတွေ ထုတ်လုပ်ခဲ့နိုင်တယ်။

၁၉၆၂ ခုနှစ် ဦးနေဝင်း လက်ထက်ကစလို့ စက်ရုံ အလုပ်ရုံတွေကို ပြည်သူပိုင်သိမ်းပြီး အကုန် ဖျက်စီးခဲ့တယ်။

ထုတ်လုပ်တဲ့ ပစ္စည်းတွေကို အနောက် ဥရောပအထိ Export လုပ်နိုင်ခဲ့တယ်။

Made in Burma ရေးထားသမျှ ပစ္စည်းနဲ့ စက်ရုံတွေ ပြည်သူပိုင် သိမ်းတော့ Made in India လို့ ပြောင်းရေးပြီး ခိုး ထုတ်လုပ်ခဲ့ကြတယ်။

သစ်သား လေးခွ၊ ကျွဲချိုလေးခွ၊ ဝါးနဲ့ လုပ်ထားတဲ့ ငါးမျှားတံ အစုံ။ ဝါးဖက် ခမောက် ဆေးတံအိုး ကွမ်းသား ထမ်းပိုး ဝါးထမ်းပိုး ဝါးနဲ့ ထန်းခေါက် အသုံးပြုပြီး ယက်လုပ်ထားတဲ့ခြင်း နဲ့ တောင်း အမျိုးမျိုး ရွှံ့နဲ့ ပြုလုပ်ထားတဲ့ အိုးပုတ် ဂျိုးရုပ် ကျောက်သင်ပုန်း စတဲ့ ကုန်ပစ္စည်းတွေကို ပုဂ္ဂလိကပိုင် အနေနဲ့ ထုတ်လုပ်ပြီး အင်္ဂလန် / အမေရိကန်ထိ တင်သွင်းနိုင်ခဲ့တယ်။

လူတိုင်း သုံးဖူးတဲ့ ကျားပရုပ်ဆီက တချိန်က မြန်မာပြည်မှာ ထုတ်လုပ်ခဲ့တာပါ။

ဦးနေဝင်းက ပြည်သူပိုင်သိမ်းတော့ စင်္ကာပူကို ထွက်ပြေးပြီး ယနေ့ထိ ထုတ်လုပ်နေဆဲပဲ။ ငှက်သိုက်ရည်လည်း ယခင်က မြန်မာပြည်မှာပဲ ထုတ်လုပ်ခဲ့ပါတယ်။

ဂျပန်နဲ့ အခြားနိုင်ငံက ကားအင်ဂျင်တွေ ဝယ်ပြီး ပြည်တွင်းမှာ ဘော်ဒီရိုက် တပ်ဆင်ပြီး တရုတ်ထံ တင်ပို့ ရောင်းချခဲ့ဖူးကြတယ်။

မြန်မာတွေ ထုတ်တဲ့ကားကို တရုတ်တွေ ဝယ်စီးကြရတယ် ပြောရင် ရယ်စရာ ဖြစ်နေမလားပဲ။

ဦးနေဝင်းက အဲလိုလုပ်ခဲ့ပြီးနောက် နောက်တက်လာတဲ့ ကောင်တွေကလည်း သစ်တောတွေဖြုန်း တောင်ဂတုံး၊ မြစ်ကို ဖြိုဖျက် အဆက်ဆက် လုပ်ခဲ့ပြန်ရော။

အချိန်တိုအတွင်း လုပ်ပိုင်ခွင့်ရခိုက် မြန်မြန်ချမ်းသာအောင်လို့ ကျောက် သံ ပတ္တမြားလောက် အားထား ခိုးယူ လာကြတယ်။

ဘာပစ္စည်းမှ ထိထိရောက်ရောက်ကိုယ်တိုင် ထုတ်လုပ်ဖို့ စိတ်မကူးခဲ့ကြဘူး။

အခုလဲ ဝူဟန်ကြောင့် တရုတ်ဘက်က ကုန်ကြမ်းမရနိုင်တော့ ပြည်တွင်းက စက်ရုံတချို့ ပိတ်ထားရပြန်ပြီ။

(ပြည်တွင်းဆိုပေမဲ့ တရုတ်ပိုင် စက်ရုံက များတာပါ) တရုတ်ထုတ်၊ ထိုင်းထုတ် နဲ့ အိန္ဒိယထုတ်တွေပဲအမြတ်ပေးပြီး အလွယ်တကူ ဝယ်ယူသုံးကြတယ်။

ဒါကြောင့်လည်း တိုင်းပြည်ဟာ မွဲသထက်မွဲ ငတ်သထက် ငတ်ငတ်လာခဲ့ကြတယ်။

လူသုံးကုန် ပစ္စည်းတင် ပြည်ပက ဝယ်သုံးတာ မဟုတ်ဘူး။ စားသောက်ကုန်တွေက အစ ဘာအသား ဘာပါတယ် မသိကြဘဲ ပင်လယ်စာ ဆိုပြီး စားနေကြတာ တွေ တပုံကြီး။

လူတွေလဲ အသိဉာဏ်ခေါင်းပါးလာပြီး လူကောင် သေးသေးလာတယ်။ဆေးဝါးဆိုလဲ ပုဂ္ဂလိကပိုင် အနေနဲ့ ဆရာခို နဲ့ထွန်းရွှေဝါလောက်ပဲ ထုတ်နိုင်သေးတယ်။

ဒီကြားထဲ ဘိန္နောဆေးဆိုပြီး အင်္ဂလိပ်ဆေးတွေကြိတ်ပြီးရောထည့်ရောင်းတော့ သေကြတာတွေ မနည်းဘူး။

တကယ်စဉ်းစားကြည့် ကိုယ့်ပြည်တွင်းဖြစ်က မရှိမလောက်ကို ဖြစ်နေတယ်။ ကျနော်စင်္ကာပူမှာ အကြာကြီး နေခဲ့တယ်။

ကျနော့်စားဖိုထဲမှာ Made in Myanmar ဆိုလို့ ငါးနီတူးခြောက် လေးပဲ ရှိခဲ့ဖူးတယ်။Anchovy fish ကိုယ်ပိုင် ပစ္စည်း မထုတ်လုပ်နိုင်တဲ့ နိုင်ငံဟာ ကမ္ဘာ့မြေပုံပေါ်မှာ ကြာကြာ မရပ်တည်နိုင်ပါဘူး။

ပြည်တွင်းဖြစ် များများ ထုတ်လုပ်နိုင်ပြီး၊ ပြည်ပကို များများတင်ပို့နိုင်မှ နလန်ထူနိုင်မယ်။

စက်ပစ္စည်းတွေ ထုတ်လုပ်နိုင်မှ မဟုတ်ပါဘူး။ဥပမာ ပြောရရင် ထိုင်းက မြန်မာထက် အဆ ၁၀၀ မက သာတယ်ဆိုရမယ်။

ကမ္ဘာ့နိုင်ငံ အသီးသီးတွေမှာ ထိုင်းက တင်သွင်းတဲ့ ပစ္စည်းတွေ များတယ်။ဘာတွေ ထင်လို့လဲ ထန်းသီးဆံ (တနှစ်ပတ်လုံးစားလို့ရတယ်)။

အုန်းရေနဲ့ အုန်းနို့၊ ထန်းလျက်ခဲ၊ မန်ကျည်းသီးမှည့်၊ ငါးပိ ငါးခြောက်၊ အင်ဥ (၅ နှစ်အထိ အထားခံတယ်)။ဆန် အမျိုးမျိုး၊ ပင်လယ်ထွက် ပစ္စည်းအမျိုးမျိုး၊ လိုင်ချီးသီး (၅ နှစ် အထားခံ) အသီးအနှံ မျိုးစုံ၊ သားရေထည် ပစ္စည်း၊

ဆီသွတ်ဗူး အမျိုးမျိုး၊ ဆားရေစိမ် အမျိုးမျိုး၊ ပဲအမျိုးမျိုး ကြာဇံ နဲ့ ခေါက်ဆွဲ စတာတွေကို သေသပ် လှပစွာထုတ်ပိုးပြီး အမျိုးပေါင်း ထောင်နဲ့ချီ တင်သွင်းနိုင်ပါတယ်။

ပြည်တွင်းမှာ ၁၀၀ ကျပ်တန် ဆိုပေမဲ့ ပြည်ပရောက်ရင် သောင်းဂဏန်း ပေးစားကြရပါတယ်ကိုယ်စွမ်းကိုယ်စတွေ ခြစ်ခြုပ် သုံးပြီး ကိုယ်တိုင် ထုတ်လုပ်ကြဖို့အချိန် ကျနေပါပြီ။

တချိန်က ဘာဖြစ်ခဲ့ဖြစ်ခဲ့ ကြိုးစားလုပ်ကြဖို့ လိုပြီ ကိုယ့်နိုင်ငံက ငမွဲမို့ စက်ပစ္စည်းတွေ လှိုင်လှိုင်ဝယ်သုံးနေချိန်မှာ တိုးတက်ပြီး

နိုင်ငံတွေက လက်နဲ့ လုပ်တဲ့ လက်မှုပစ္စည်းထည်တွေကိုပိုပြီး တန်ဘိုးထား ဈေးကြီးပေး ဝယ်သုံးနေကြလေရဲ့ ။

Credit – Original Uploader

Leave a Comment

Your email address will not be published.

//whairtoa.com/4/5314809