ယောအတွင်းဝန်ဦးဖိုးလှိုင်သည် အာယုဒါယအသက် အပိုင်းအခြားကိုနားလည်သဖြင့်သူ မကွယ်လွန် မီတစ်လခန့်ကြို၍ ငယ်သူငယ်ချင် ဦး တူဆိုသူကိုသူ့အိမ်မွာခေါ်ထားသတဲ့ ။ သီးခြားအဆောင်နှင့်အတူနေသတဲ့
” မောင်တူရေ မင်းနဲ့ငါကငယ်သူငယ်ချင်းတွေ ငါ့ကိုမင်းကြီးလို့စိတ်မစွဲနဲ့ ,,ဘုရားမထူးနဲ့ အရိုအသေမပြု နဲ့ တို့များကျောင်းနေတုန်း က လိုဘိုး လှိုင် ပဲ ခေါ် ငါ လည်းမင်းကိုမောင်တူပဲခေါ် မယ် ,,ငယ်ငယ်တုန်းကလိုကျောင်းသား စိတ်မျိုးနဲငါ့ကိုစကားပြော ငါ့နားမှာ တစ် လ နေ မင့်သားမယားအတွက်ငွေဒင်္ဂါး ၂၀၀ လူကြုံနဲ့ပို့လိုက်
ငါ့ကိုလည်းမင်းကျွေးချင်တာချက်ကျွေး ဘာစားမလဲမမေးနဲ့ မင်းကျွေးတာငါစားမယ် မင်းပြောတာငါနားထောင်မယ် ဒီအခန်းကိုငါ့ဇနီး ဝန်ကတော်တောင်မဝင်စေနဲ့ ”
သည်လိုစည်းကမ်းထား ပြီးငယ်သူငယ်ချင်းနှစ် ယောက်ငယ်ငယ် ကလိုပြော ဆိုရယ်မောနေကြသတဲ့ ။ကျောင်းစာတွေကို တစ်လှည့်စီ ပြန် အံကြသတဲ့ ။တရားအတူတူ ထိုင်တရားဆွေးနွေးကြသတဲ့ ။နေ့စဉ်ညအိပ်ခါနီးဘုရားဝတ်တက် ၊တရားရှုမှတ် ပြီးလျင်မဟာ သတိပဋ္ဌာန်သုတ်တော်ကိုဦးတူကို ရွတ်ဖတ်စေပြီးနာယူပြီးမှသာ ဓုခေါ် ကာအိပ်သတဲ့ ။
တစ်လပြည့်တဲ့ညမှာ ” မောင်တူရေ ဒီညငါစောစောအိပ်မယ် သတိပဋ္ဌာန်တရားတော်ရွတ်ပေးပါကွယ် ငါတရားနာရင်းအိပ်မယ်သုံး ချက်တီးကျော်ရင်ငါ့ကိုနှိုးပါ ”လို့ မှာပြီးအိပ်သတဲ့ ။
ဦးတုလည်းမဟာသတိပဋ္ဌာန်သုတ် ကိုတစ်ညလုံး ရွတ်ဆိုပြီးသုံး ချက်တီးကျော်လို့ယော မင်းကြီးဦးဘိုးလှိုင်ကို နှိုးတဲ့အခါဝိညာဉ်ချုပ်နေပြီ တဲ့ ။