လူသားများသည် ”ရုပ္ပတီတိရူပံ” ဆိုသည့်အတိုင်းရုပ်သဘောသည် အမြဲဖောက်ပြန်နေကြပါတယ်။ ခန္ဓာရှိရင် ဝေဒနာရှိသည်မို့ ယခုတင်ပြမည့်ဆေးနည်းကား ရဟန်းမယ်တော်ကိုယ်တိုင် ဖြစ်ခဲ့သော နားလေးနားပင်းရောဂါပင် ဖြစ်ပါတယ်။ ပူအိုက်သော ညများမှာ အသက်ကြီးသူတို့အတွက် အေးလွန်း၍လည်း မရပါ။ ပူလွန်း၍လည်း မရပါ။ တံခါးပေါက်ဖွင့် အိပ်မိရက်သား ဖြစ်သွားပြီး အခင်းကလဲ မခင်းမိလိုက်ဘူး။
နံနက်မိုးလင်းတော့ သားပြောနေသော စကားကို မကြားရတော့။ ပြောသူလဲစိတ်တို၊ အပြောခံရသူ မိခင်လဲ စိတ်တိုပေါ့။ သားဖြစ်သူက မိခင်တစ်ခုခု ဖြစ်ပြီဆိုတာ နားလည်လိုက်ပြီ။ ကံကောင်းချင်တော့ အဒေါ်ရောက်လာတယ်။”
သားလေး–အဲဒါ နားလေးသွားတာ အာရုံကြောအားနည်းပြီး အအေးဖွဲ့သွားတာ ရှမ်းဆေးတစ်ခွက်နဲ့တင် ပျောက်ပါတယ်။
ဘာမပူနဲ့ အဒေါ်ရှာခိုင်းတဲ့ အမယ်တွေသာ ယူခဲ့ပါ” ဟုဆိုကာ ဆေးတစ်ခါတိုက်ပြီး တစ်နာရီအကြာမှာဘဲ” ငါ့သား–မင်းအဒေါ်နဲ့အခု ပြောနေတဲ့ စကားတွေ ပြန်ကြားရပြီကွဲ့” ”ဟုတ်ကဲ့ပါ အမေ ဝမ်းသာလိုက်တာ သားကတော့ အမေပြန်မကြားရရင် တရားနာခွင့်မရမှာ စိုးရိမ်နေတာ အခုတော့ တရားနာခွင့်ရပြန်ပြီပေါ့နော်” ကိုယ်တွေ့ဆေးနည်းမို့ အသုံးလိုသူများ သုံးစွဲနိုင်ရန် တင်ပြပါမည်။
ဆေးနည်း –
၁။ ဖန်ခွက်တစ်လုံး။
၂။ နှင်းဆီပွင့် တစ်ပွင့် (ဆူးပါသော နှင်းဆီ)။
၃။ သကြား ဟင်းဆားဇွန်း တစ်ဇွန်း။
၄။ ရေဖန်ခွက်တစ်လုံးစာ။
နှင်းဆီပွင့်ဖက် ဝတ်ဆံများကို ရေဖန်ခွက်ထဲတွင် ချွေထည့်ပါ။ သကြားဟင်းစားဇွန်း တစ်ဇွန်းထည့်ပါ။
1:30-လောက် ကြာလျှင် နှင်းဆီအဖတ်များပါ မကျန် ဝါးစားပါ။ ရေဖန်ခွက်ထဲက စိမ်ရည်ပါ အကုန်သောက်ပါ။ မကြာခင်မှာဘဲ သင်နားထောင်ချင်နေသော အသံများကို တဝကြီး နားသောတဆင်ကြပါတော့။နားလေးခြင်း ကင်းဝေးကြပါစေ။
Credit – အလင်းသစ် ဆရာတော်နေပြည်တော်တပ်ကုန်း