နှာစေး နှာမွှန် နှာရည်ယို နှာခေါင်းပိတ်

“နှာစေး နှာမွှန် နှာရည်ယို နှာခေါင်းပိတ်တာမှန်သမျှ”

ဒီဝေဒနာဟာ အများအားဖြင့် ဦးခေါင်းကနေရေလောင်းချိုးတာ ခေါင်းလျှော်တာမှာ အခန့်မသင့်ရင်ဖြစ်တတ်တာမျိုးပါ။ ဘာ့ကြောင့်ဒီလိုဖြစ်တာလည်းဆိုရင်အပူတွေအောက်ကိုမဆင်းပဲအပေါ်ကိုပဲ တက်နေလို့ပါ။

ဒါနဲ့ပါတ်သက်ပြီးဆေးနည်းတွေမေးကြပါတယ် ဆေးနည်းတွေထက်ပိုမြန်တဲ့လက်တွေ့ကုထုံးတစ်ရပ်ကိုကျွန်တော် စမ်းသပ်တွေ့ရှိခဲ့ပါတယ်ဆေးနည်းမေးနေတုန်းမှာပဲမိမိကိုယ်တိုင်နှာခေါင်းပိတ်နေခဲ့တာပါ။ ခေါင်းမှာအပူခဲနေလို့ဖြစ်တာအပူထုတ်ရင်ဧကံပျောက်မှာကိုစဉ်းစား မိလိုက်ပါတယ် ဂွမ်းမရတော့အလွယ်တကူတွေ့တဲ့တစ်ရှူးစာရွက်ကိုရေစွတ်ပြီး”နှာတံအပေါ်”ကပ်ထားလိုက်ပါတယ် ။ ရေခြောက်သွားတဲ့အခါမှာစက္ကူကိုဖယ်ရှားလိုက်ပါတယ်အပူတွေထွက်သွားပြီးနှာပိတ်တာပြန်ပွင့်ခဲ့ပါတယ် ။ နှာစေးနှာမွှန်နှာရည်ယိုတာလည်းဒီနည်းနဲ့လက်တွေ့ပျောက်ကင်းစေပါတယ်။ နှာခေါင်းအနံ့မရတာထိပ်ခပ်နာဝေဒနာရှင်တွေလည်းယခုနည်းကိုအသုံးပြုကြည့်စေလိုပါတယ် ။ စက္ကူခြောက်အောင် စောင့်စရာမလိုပါ။ ရေခြောက်လျှင်ရပါပြီ။ မိနစ်အနည်းငယ်သာကြာတဲ့ငွေမကုန်ကြေးမကျနည်းလေးကိုဒါနပြုလိုက်ပါတယ်။ “ကျန်းမာချမ်းသာကြပါစေဗျာ”

Leave a Comment

Your email address will not be published. Required fields are marked *