မျက်နှာပေါ်က အမဲစက်၊ အမာရွတ်

မျက်နှာပေါ်က အမဲစက်၊ အမာရွတ်၊ မှဲ့ခြောက်၊ နေလောင်ကွက်များ ၂ပတ်အတွင်း သက်သာပျောက်ကင်းမည့် လက်တွေ့နည်း

အမဲစက် မှဲ့ခြောက် နေလောင်ကွက် သက်သာပျောက်ကင်းတဲ့ နည်းလေးပါ။ လက်တွေ့စမ်းသပ်ကာလ ၂ပတ်အတွင်း အတော်သက်သာလို့ မျှဝေပေးလိုက်ပါသည်။အားလူးကို သနပ်ခါးသွေးသလိုသွေးပြီး…မျက်နှာသစ်ပြီးလိမ်းပါ။တစောင်းလက်ပတ်ရှိက ထည့်သွေးပါ။ မရှိလဲ အာလူးနဲ့ ရေနဲ့ သွေးလိမ်းပါ။

ခြောက်မှ မျက်နှာထပ်သစ်ပြီး Cream တခုခုလိမ်းပေးပါ။လက်တွေ့စမ်းသပ်ပြီးမှ ဒီပို့စ်ကို တင်လိုက်ပါသည်။ အလွယ်ကူဆုံး နည်းလေးပါ။( အာလူးပါးပါးကပ်လဲရသည်။ ခဏခဏ ကွာကျ၍ ဒီနည်းသုံးသည်။)အမဲစက်များ တဖြည်းဖြည်းပါလာပြီး ပန်းရောင်အနေထားသို့ ရောက်ရှိလာပါလိမ့်မည်။ ဆက်လိမ်းပေးပါ။သွေးပြီးရင် ကျောက်ပြင်ပေါ် ပုံအပါအတိုင်း မှောက်ထားပါ။ မဲမသွားရန်။ ကျောက်ပြင်သီးသန့် မထားနိုင်ပါက ကြွေပန်းကန်ပြားလေးထဲ မှောက်ထားပေးပါ။

တညလုံး လိမ်းမအိပ်ပါနှင့်။ တင်းလွန်းလျှင် မျက်နှာအသားနုသည့်အတွက် အသားကွဲနိုင်ပါသည်။ လိမ်းပြီး ခြောက်သွားလျှင် မျက်နှာသစ်ပေးပါ။ မျက်နှာလိမ်း Cream တခုခု လိမ်းထားပါ။

Credit: Original Post

Leave a Comment

Your email address will not be published. Required fields are marked *