ဒီဆန်ပြုတ်နည်းကတော့ မင်းတုန်းမင်းကြီးရဲ့ အစာအိမ်နဲ့ လေနာရောဂါသည်တွေအတွက် ထူးခြားတဲ့ ဆန်ပြုတ်နည်းဖြစ်ပါတယ်။ ဆန်ပြုတ်ချက်နည်းကတော့ မိုးရေ (သို့) မြစ်ရေကို ဆန်ပြုတ်မယ့် အိုးထဲလိုသလောက်ထည့်ပြီး ဆူအောင်တည်ပါ။ ရေနွေးတည်စဉ်မှာ ပြုတ်မယ့်ဆန်ကို ဒယ်အိုးနှင့်ထည့်ပြီး တခြားမီးဖိုမှာထည့်ပြီး လှော်ထားပါ။ ပြီးနောက်ဆန်တပြည်အတွက် ကြက်သွန်၂၅ကျပ်သားနှင့် ဆီ၂၅ကျပ်သားကို ကြက်သွန်ဆီချက် အဆင်သင့် ချက်ထားပါ။
ရေပွက်ပွက်ဆူသည့်အခါ ဆန်လှော်ကို ဇွန်းဖြင့်တဇွန်းပြီး တဇွန်းထည့်ပါ။ (မွှေစရာမလို ချိုးကပ်မှာလည်း စိုးရိမ်စရာမလိုပါ။ မီးပြင်းပြင်း အပူပေးပြီး ဆန်နူးတဲ့အခါမှ ဆန်ပြုတ်အိုးထဲ ကြက်သွန်ဆီချက်များ လောင်းထည့်ပါ။ မိနစ်အနည်းငယ်ကြာလျှင် အပေါ်ယံဆီဝေ့ပြီး အနှစ်တက်လာသည့်အခါ မီးဖိုမှချ၍ ဆားသင့်ရုံထည့်ပြီး အသင့်သုံးဆောင်နိုင်ပြီဖြစ်ပါတယ် (ဆန်ပြုတ်နည်းကို တန့်ကြည့်တောင် ရန်အောင်ချမ်းသာဆရာတော်မှ ချီးမြှင့်တော်မူပါသည်။)
Credit-ဆရာရဲ (မင်္ဂလာ တိုင်းရင်းဆေး)