ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းရဲ့ ၂၀၂၀ စာရင်းအရ မြန်မာအမျိုးသမီးတွေမှာ ရင်သားကင်ဆာဟာ ဒုတိယအဖြစ်အများဆုံး ဖြစ်ပါတယ်။ အများစုဟာ အသက် ၅၀ ကျော်မှာ ဖြရင်သားကင်ဆာရဲ့စ်လေ့ရှိတာမို့ ကိုယ့်ရဲ့ မေမေ၊ ဒေါ်ဒေါ်၊ ဖွားဖွားတွေအတွက် ဂရုစိုက်ပေးသင့်တဲ့ ရောဂါတစ်ခုပါ။ စောစောသိ၊ စောစောကုရင် အသက်အန္တရာယ်ကို ကာကွယ်နိုင်တာမို့ အိမ်မှာပဲ ကိုယ့်ကိုယ်ကိုယ် စစ်ဆေးနိုင်မယ့် လက္ခဏာအချို့ကို ပြောပြချင်ပါတယ်။
1. ရင်သား၊ သို့မဟုတ် ချိုင်းမှာ အဖုအကျိတ် စမ်းမိခြင်း
2. ရင်သား အရွယ်အစား ပြောင်းလဲခြင်း၊ နာကျင်ခြင်း
3. ရင်သားအရေပြား နီရဲခြင်း၊ အနာဖြစ်ခြင်း၊ ချိုင့်ဝင်ခြင်း၊ အက်ကွဲရှုံ့တွခြင်း
4. နို့သီးခေါင်း နစ်ဝင်ခြင်း
5. နို့သီးခေါင်းမှ သွေးပါသောအရည်များ ဆက်တိုက် စိမ့်ထွက်ခြင်း
တိုက်တွန်းချင်ပါတယ်။
စတဲ့ ရောဂါလက္ခဏာတွေထဲက တစ်ခုခု တွေ့ရရင် ဆရာဝန်နဲ့ အမြန်ဆုံး တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ အထူးသတိပြုရမှာက အရပ်ထဲက ရမ်းကု / ဗိန္ဓောဆရာများနဲ့ မပြဖို့ လူနာအတွက် ဝန်ပို၊ ပိုက်ဆံကုန်တာက လွဲလို့ ဘာမှ အဖက်မတင်တဲ့အပြင် နံပါတ် ၃ မှာလို ရင်သားအနာရှိခဲ့ရင် ပိုဆိုးစေနိုင်ပါတယ်နော်။

1.ဘယ်အချိန်မှာ စမ်းသပ်ကြမလဲ – ဘယ်အရွယ်မဆို တစ်လ တစ်ကြိမ် စမ်းသင့်ပါတယ်။ ရာသီလာပြီး ၃ ရက်ကနေ ၅ ရက်အတွင်း စမ်းနိုင်ပါတယ်။ သွေးဆုံးပြီး အမျိုးသမီးတွေဆိုရင်တော့ လစဥ် ရက်တစ်ရက် သတ်မှတ်ပြီး ပုံမှန် စမ်းပေးသင့်ပါတယ်။
2.ဘယ်လို နေရမလဲ –
-အရင်ဆုံး လှဲလိုက်ပါ။
-ညာလက်ကို ခေါင်းနောက်ထားပါ။
-ဘယ်ဘက် လက်ချောင်းထိပ်လေးတွေနဲ့ ညာဘက်ရင်သားကို ဖြည်းဖြည်းချင်း ဖိဖိပြီး စမ်းရပါမယ်။
– ရင်သားတစ်ခုလုံး စမ်းပြီး နို့သီးခေါင်းနေရာပါ စမ်းလိုက်ပါ။
-ပြီးရင် ဘယ် ညာ ပြောင်းပါ။
3. ချိုင်းကိုရော စမ်းရမလား – မတ်တပ်ရပ် ခါးထောက်ပြီး ချိုင်းကို စမ်းကြည့်ပါ။
4. မှန်ထဲမှာ ရင်သား အရွယ်အစား၊ အရေပြား ပြောင်းလဲမှု ရှိမရှိ ကြည့်ပါ။
5. နို့သီးခေါင်းကို ညှစ်ကြည့်ပါ။ အရည်ထွက်လာရင် ဘာအရောင်လဲ ကြည့်ရပါမယ်။

ဒီစာကို ဖတ်ပြီးရင် အမျိုးသမီးဆို ကိုယ်ကိုယ်တိုင် ကျင့်သုံးပါ။ အမျိုးသားတွေဆို ကိုယ်ချစ်ရတဲ့ အမျိုးသမီးတွေဆီ ပို့ပေးပြီး ဂရုစိုက်ကြောင်း ပြသလိုက်ပါနော်။ စောစောသိ၊ စောစောကုပြီး အသက်ရှည်ရှည် နေကြရအောင်ပါ။