အကြောင်းကြောင်းကြောင့် ငုတ်ထိုး, ခြေချော် ထိခိုက်ဒဏ်ရာရကာ သွေးထွက်သံယိုအနာတရဖြစ်တတ်ကြသည်က လူတိုင်းသဘာဝပင်ဖြစ်ပါ၏။
အချို့သောဒဏ်ရာ အနာတရဖြစ်ပါလျှင် ရုတ်တရပ် ဘာလုပ်ရမည်မသိ အခက်တွေ့တတ်ကြပါ၏။ ဆေးလည်းမသိ ဆေးလည်းမရှိ ဆေးရုံဆေးခန်းတို့ဖြင့် ဝေးကွာပါလျှင် ငှက်ပျောပင်ကို သတိရကြပါ။
ငှက်ပျောပင်ကို ခုတ်လိုက်ပါ အစေးများ ထွက်လာပါမည်။

ထိုအစေးဖြင့် ဒဏ်ရာကို သုတ်လိမ်းပြီး အဝတ်စည်းထားလိုက်ပါ။(သွေးတိတ်သွားပါမည်။)
၂ရက်၃ရက်ကြာလျင် အနာကိုဖြေကြည့်လိုက်ပါ
အံ့ဖွယ်အနာကျက်ပြီး ဒဏ်ရာပျောက်ကင်းနေမည်ကို တွေ့ရပါမည်။
အမှတ်မထင် ဒဏ်ရာအနာတရဖြစ်ပါမူ ငှက်ပျောပင်ကို သတိရကြပါစို့။
နက္ခတ္တရောင်ခြည် မဂ္ဂဇင်းအမှတ်၃၆၄