အစာအိမ်နာ ပျောက်ဆေး

လူတိုင်းနီးပါးခံစားဖူးတဲ့ ဗိုက်အောင့်ဗိုက်နာ အစာအိမ်ရောဂါကို စိန်ခေါ်သည်။ (လိုအပ်သူများ သုံးရန် မျှဝေပေးလိုက်ပါတယ်)

အစာအိမ်နာ ပျောက်ဆေး

အာလူး( ၁၅ )ကျပ်သားကို အခွံမခွါပဲ ရေစင်အောင်ဆေးပြီးနုတ်နုတ်စင်းပါ

ပြီးရင် ရေနည်းနည်းနဲ့ ဆန်ပြုတ် ပြုတ်သလိုပြုတ်ပါ

အားလုံးပြီးရင် ပျားရည်တဇွန်းထည့်ပြီး သောက်လိုက်ပါ ။ ။

( ၁၅ ) ရက်လောက်ပုံမှန် သောက်ပေးပါ အစာအိမ်ရောဂါ လုံးဝပျောက်သွားမှာပါ ။

ရောဂါပျောက်သွားလို့ အာလူးဆန်ပြုတ်ကြိုက်ရင် ဆက်ပြီး သောက်လို့ရပါတယ် ။

မေတ္တာဖြင့်

မန်မာ့ဆေးစွမ်းနှင့် အိမ်တွင်းဆေးမြီးတိုများ

နောက်တနည်း

အစာအိမ်ရောဂါပျောက်တဲ့ သဘာဝဆေးနည်း

အစာအိမ်ရောဂါအတွက် ဆေးအမျိုးမျိုးသုံးပြီး မသက်သာလို့ စိတ်ညစ်နေသူများ အောက်ပါ သဘာဝဆေးနည်းလေးကို သုံးကြည့်နိုင်ပါတယ်။

လက်တွေ့ပျောက်တဲ့ဆေးနည်းလေးမို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်။

ပါဝင်သော ပစ္စည်းများ-

၁။ အာလူးစိမ်း

၂။ ဂျင်း

၃။ ပျားရည်

ပြုလုပ်နည်း

၁။ အာလူး ၁၅ ကျပ်သား (၃ လုံး၊ ၄ လုံးခန့်) ကို ရေစင်အောင် ဆေးပြီး အခွံမခွါပဲ နုတ်နုတ်စင်းလိုက်ပါ။

၂။ ရေအနည်းငယ်ဖြင့် ဆန်ပြုတ် ပြုတ်သကဲ့သို့ ပြုတ်ပေးပါ။

၃။ ဂျင်းအနည်းငယ်ကို ထည့်ပေးပါ။

(ရင်ပြည့်ရင်ကယ်မဖြစ်စေရန်)

၄။ ၎င်းအာလူးစိမ်းပြုတ်ရည်ကိုပျားရည်စစ်စစ်တစ်ဇွန်းခန့်ထည့်ပြီး သောက်ပါ။

၂ ပတ်ကို တစ်ကြိမ်ခန့် သောက်ပေးပါက အစာအိမ်ရောဂါ ပျောက်ကင်းသွားပါလိမ့်မယ်။

(သတိပြုရန်)

၁။ အစိမ်းရောင်ဖြစ်နေသော အာလူးများကို လုံးဝမသုံးရပါ။ အစိမ်းရောင်ဖြစ်နေသော နေရာများကို ကွင်းပြီး ထုတ်ပစ်ရမည်။

၂။ အာလူးမှာ ကစီဓါတ်များစွာပါဝင်နေသည့်အတွက် ဆီးချို၊သွေးချိုသမားများအတွက် သောက်ရန် မသင့်ပါ။

အစာအိမ်သမားများ ရောဂါသက်သာပျောက်ကင်းပြီးကျန်းမာပျော်ရွင်သောဘဝကို ပိုင်ဆိုင်ပါကြစေ ရှင်..။

Creditပေးပါသည်

Leave a Comment

Your email address will not be published. Required fields are marked *