သွေးပေါင်ကျရခြင်း

ခဏခဏ ခေါင်းမူးပြီး အားမရှိသလိုဖြစ်နေတာ ဘာကြောင့်လဲ နဲ့ သွေးပေါင်ကျရခြင်းအကြောင်းရင်းများ

သွေးပေါင်ကျတယ်ဆိုတာ အမျိုးသမီး တော်တော်များများ ကြုံဖူးတဲ့ ပြဿနာပါ။ ခဏခဏ ခေါင်းမူးတယ်၊ အားမရှိသလို ခံစားရပြီး မောတယ်။ အဆိုးဆုံးက သတိလစ် မေ့မြောတယ်။ ဒါတွေက သွေးပေါင်ကျတဲ့ လက္ခဏာတွေပါပဲ။ ဒါဆိုရင် ဘာကြောင့် သွေးပေါင်ကျတတ်တာလဲ အဖြေရှာကြည့်ရအောင်။

အရင်ဆုံး သွေးပေါင်ကျတယ်ဆိုတာ ဘယ်အမှတ်အောက် ရောက်မှ ခေါ်တာလဲဆိုတာ သိရပါမယ်။ ပုံမှန်က အပေါ်သွေး ၁၂၀၊ အောက်သွေး ၈၀ ဆိုရင် သွေးပေါင်ကျတယ်ဆိုတာ ၉၀/၆၀ အောက် ကျတာကို ခေါ်တာပါ။ ဒီကိန်းဂဏန်းက လူတစ်ယောက်နဲ့ တစ်ယောက် မတူနိုင်ပါဘူး။ ဘာလို့ အဲဒီလို သွေးပေါင်ကျရလဲဆိုတော့…

1. ကိုယ်ဝန်ဆောင်ချိန်

ကလေးဆီကိုပါ သွေးတွေ ပို့ပေးရတဲ့အတွက် သွေးပေါင်ကျတာပါ။ ဒါကတော့ ပုံမှန်ဖြစ်ပြီး ကလေးမွေးလိုက်ရင် အရင်သွေးပေါင် ပြန်ရောက်ပါတယ်။

2. ရေဓာတ်ခန်းခြောက်ခြင်း

ဒါက အဖြစ်များပါတယ်။ ဖျားခြင်း၊ အန်ခြင်း၊ ဝမ်းလျှောခြင်း၊ လေ့ကျင့်ခန်း ပြင်းပြင်းထန်ထန် လုပ်ခြင်း စတဲ့ ကိစ္စတွေကြောင့် ခန္ဓာကိုယ်ထဲ ရေဓာတ်ဆုံးရှုံးရင် သွေးပေါင်ကျပါတယ်။ သွေးဆိုတာ ရေနဲ့ပဲ လုပ်ထားတာမို့ ရေနည်းရင် သွေးအားကျတာပါ။ ဒါကြောင့် ရေနဲ့ ဓာတ်ဆား များများ သောက်ပေးရပါမယ်။

3. သွေးထွက်ခြင်း

ဒါလည်း အဖြစ်များပါတယ်။ အထူးသဖြင့် အမျိုးသမီးငယ်တွေမှာ တစ်လတစ်ခါ သွေးဆုံးရှုံးရတော့ သွေးအားနည်း၊ သွေးပေါင်ကျတာ ဖြစ်တတ်ပါတယ်။ အပေါ်မှာ ပြောသလို ရေများများသောက်၊ သံဓာတ်အားဆေးသောက်ပြီး အားရှိဖို့ လိုပါတယ်။ အခြားလူတွေမှာတော့ ရောဂါ ဒါမှမဟုတ် ဒဏ်ရာရပြီး သွေးထွက်လွန်တာကြောင့် သွေးပေါင်ကျနိုင်ပါတယ်။

4. အာဟာရ ချို့တဲ့ခြင်း

ဘယ်လို အာဟာရဓာတ်တွေက သွေးအားကောင်းစေတာလဲ…။ ဗိုက်တာမင် ဘီ 12၊ သံဓာတ်နဲ့ ဖောလစ်အက်ဆစ်တို့ပဲ ဖြစ်ပါတယ်။ သူတို့ကို ပြည့်စုံအောင် စားပေးမှ သွေးနီဥလေးတွေ ပွားလာပြီး သွေးအားတိုး၊ သွေးပေါင်ပြည့်မှာမို့ သူတို့ချို့တဲ့ရင်တော့ သွေးပေါင်ကျတတ်ပါတယ်။

၅၊ဆေးဝါးနှင့်ရောဂါများ

အပေါ်မှာ ပြောခဲ့တာတွေက ပုံမှန်လူတွေမှာလည်း ဖြစ်လေ့ဖြစ်ထရှိတဲ့ ကိစ္စတွေပါ။ ဒီ နံပါတ် ၅ ကတော့ ရောဂါတစ်ခုခု၊ ဒါမှမဟုတ် ဆေးသောက်နေရလို့ ဖြစ်တဲ့ သွေးပေါင်ကျတာမျိုးပါ။ ဥပမာ- နှလုံးရောဂါ၊ ဟော်မုန်းရောဂါများ၊ သွေးတွင်းပိုးဝင်တာနဲ့ ဓာတ်တုံ့ပြန်လွန်ကဲမှုတွေမှာ သွေးပေါင်ကျတတ်ပါတယ်။ ဒါက ရောဂါမို့လို့ စိုးရိမ်ရတဲ့ အနေအထားပါ။ ဆရာဝန်နဲ့ ဆွေးနွေးကြည့်ရပါမယ်။ ဆေးအနေနဲ့ နှလုံးဆေး၊ ဆီးဆေးနဲ့ စိတ်ရောဂါသည်တွေကို ပေးတဲ့ဆေးတွေဟာ သွေးပေါင်ကျတတ်ပါတယ်။

သွေးပေါင်ကျတာဟာ စိုးရိမ်စရာကောင်းလားလို့ မေးရင် ကောင်းတယ်လို့ ဖြေချင်ပါတယ်။ ခန္ဓာကိုယ်မှာ သဘာဝအတိုင်း သွားလာလှုပ်ရှားနိုင်ဖို့ သွေးထဲက အာဟာရနဲ့ အောက်ဆီဂျင် လိုပါတယ်။ သွေးအားမကောင်းလို့ အာဟာရ မရရင် ခန္ဓာကိုယ်က အလုပ်ကောင်းကောင်းမလုပ်ပါဘူး။ အထူးသဖြင့် အချိန်တျုအတွင်း သွေးပေါင်အများကြီး ကျသွားရင် ဦးနှောက်နဲ့ နှလုံးမှာ ထိခိုက်နိုင်ပါတယ်။ ဒါကြောင့် မပေါ့ဆဘဲ လိုနေတာလေးတွေ ဖြည့်စွက်ပြီး ကျန်းမာနိုင်ကြဖို့ တင်ဆက်လိုက်ပါတယ်။

Leave a Comment

Your email address will not be published. Required fields are marked *