အကြောသေနေပေမယ့်

အကြောသေနေပေမယ့် သာမန်လူတွေလို သွားလာနိုင်အောင် ကူညီပေးတဲ့ လျှပ်ကူးပစ္စည်းတစ်မျိုးကို ပညာရှင်များ စပ်းသပ်တီထွင်

အကြောသေနေတဲ့ အမျိုးသားသုံးဦးကို သူတို့ရဲ့ ကျောရိုးအတွင်းသို့ လျှပ်ကူများ ထည့်သွင်းပေးပြီးနောက် မတ်တပ်ရပ် လမ်းလျှောက်လာနိုင်သလို စက်ဘီးလည်းစီးနိုင်ခဲ့တယ်လို့ ပညာရှင်များက တနင်္လာနေ့မှာထုတ်ဝေတဲ့ Nature Medicine ဂျာနယ် ဖော်ပြထားပါတယ်။ ဒီလျှပ်ကူပစ္စည်းဟာ ပျော့ပျောင်းတဲ့ ကိရိယာဖြစ်တာကြောင့် ကျောရိုးအာရုံကြောများထိပ်၊ ကျောရိုးအောက်ရှိ အာရုံကြောများကို တိုက်ရိုက်အကျိုးသက်ရောက်စေပါတယ်။ အဲ့ဒီလုပ်ဆောင်ချက်ကိုလည်း ကြိုးမဲ့စနစ်ဖြင့် ဆော့ဖ်ဝဲလ်ကနေ ထိန်းချုပ်နိုင်တယ်လို့ ဆိုပါတယ်။

အဆိုပါ ဆော့ဖ်ဝဲလ်ဟာ နှလုံးခုန်စက်နှင်တူပြီးလျှပ်ကူပစ္စည်းထည့်ထားတဲ့ ကျောရိုးရဲ့ လုပ်ဆောင်ချက်တွေကို ညွှန်ကြားပေးတာ ဖြစ်ပါတယ်။ ဒီစက်ဟာ မတ်တပ်ရပ်နိုင်ခြင်း၊ လမ်းလျှောက်နိုင်ခြင်း ၊ စဖြစ်းစီးနိုင်တဲ့အပြင် ရေပါကူးနိုင်ပြီး လိုချင်တဲ့ ပုံစံကိုလည်း အလွယ်တကူ ကိုယ်တိုင်လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ ယခု စမ်းသပ်ခဲ့တဲ့ လူနာ သုံးဦးဟာ အသက် ၂၉ နှစ်မှ ၄၁ နှစ်ကြားရှိ အမျိုးသားများ ဖြစ်ကြပေမယ့် အဆိုပါ ကိရိယာဟာ အမျိုးသမီးများမှာ လည်း အလုပ်ဖြစ်မယ်လို့ ပညာရှင်များက မျှော်လင့်ထားကြောင်း The Guardian က ဖော်ပြခဲ့ပါတယ်။

Leave a Comment

Your email address will not be published. Required fields are marked *