ဆေးကုလားမ

ဆေးကုလားမရဲ့ ကျန်းမာရေးအကျိုးကျေးဇူးများ

ဆေးကုလားမရဲ့ ကျန်းမာရေးအကျိုးကျေးဇူးများ …

(၁)အပူရှပ်တာကို သက်သာစေခြင်း

ဆေးကုလားမမှာ အပူဒဏ်ကိုသက်သာစေတဲ့ အစွမ်းသတ္တိများစွာရှိပါတယ်။ နွေရာသီမှာ ဆေးကုလားမဖျော်ရည်သောက်သုံးပေးတာကခန္ဓါကိုယ်ကို အပူဒဏ်သက်သာစေဖို့အတွက်

အထောက်အကူရရှိစေမှာဖြစ်ပါတယ်။ဆေးကုလားမက ခန္ဓါကိုယ်ရဲ့ အပူချိန်ကိုလျော့ ကျစေပြီး အေးမြအောင်လုပ်ဆောင်ပေးပါတယ်။ အပူရှပ်တာမျိုးမဖြစ်အောင်ကာကွယ်ပေးမှာဖြစ်ပါတယ်။ဆေးကုလားမက ပူလွန်းတဲ့ရာသီ မှာ ကလေးတွေမှာအဖြစ်များတဲ့ နှာခေါင်းသွေးလျှံတာမျိုးဖြစ်တဲ့အခါမှာလည်းသွေးတိတ်အောင်လုပ်ဆောင်ပေးနိုင်တဲ့ အာနိသင်ရှိပါတယ်။

(၂) အမျိုးသားတွေမှာ စွမ်းဆောင်ရည်မြင့်တက်စေခြင်း

ဆေးကုလားမက အမျိုးသားတွေမှာ စွမ်းဆောင်ရည်တိုးတက်စေနိုင်တဲ့ အကောင်းဆုံးသော အစားအစာတစ်မျိုးဖြစ်ပါတယ်။နေ့စဉ်စားသုံးပေးမယ်ဆိုရင် အမျိုးသားတွေမှာ စွမ်းဆောင်ရည်တိုးတက်

ကောင်းမွန်အောင်အထောက်အပံ့ပေးမှာဖြစ်ပါတယ်။

ဆေးကုလားမ အမျိုးသားတွေအတွက် ထိရောက်ပြီးဘေးကင်းတဲ့ ကာမအားတိုးဆေးတစ်ရပ်ဖြစ်ပါတယ်။

(၃) ဆီးမထိန်းနိုင်တာကို သက်သာစေခြင်း

ဆီးမထိန်းနိုင်သူတွေအနေနဲ့ ဆေးကုလားမကိုစားသုံးပေးသင့်ပါတယ်။ဆေးကုလားမက ဆီးမထိန်းနိုင်တာကို သက်သာစေတဲ့အကောင်းဆုံးသောဆေးတစ်လက်ဖြစ်ပါတယ်။ဆေးကုလားမက ဆီူလမ်းကြောင်းတစ်လျှောက်က ကြွက်သားတွေကိုပြေလျော့စေအောင်လုပ်ဆောင်ရာမှာ အထောက်အကူပြုသလို ဆီးမထိန်းနိုင်ဖြစ်တာကိုလည်း သက်သာစေပါတယ်။

(၄) အရေပြားနဲ့အလှအပ အတွက်လည်းအကျိုးပြုခြင်း

ဆေးကုလားမက အရေပြားအတွက် အရမ်းကိုအကျိုးကျေးဇူးရှိသလို အလှအပအတွက်လည်း အကျိုးပြုပါတယ်။ဆေးကုလားမမှာ အသက်အရွယ်အိုမင်းမှုကို တိုက်ဖျက်ပေးတဲ့ အစွမ်းသတ္တိတွေရှိပါတယ်။ မျက်နှာမှာအရွယ်မတိုင်ခင် အရေးအကြောင်းတွေမဖြစ်အောင်လုပ်ဆောင်ပေးသလို ခန္ဓါကိုယ်ကိုလည်း သွယ်လျလှပစေပါတယ်။

(၅) အမျိုးသမီးတွေမှာ ရင်သားဖွံ့ဖြိုးစေခြင်း

အမျိုးသမီးအချို့က သူတို့ရဲ့ရင်သားအရွယ်အစားနဲ့ပတ်သက်ပြီး အားမလိုအားမရဖြစ်တတ်ပါတယ်။

ဆေးကုလားမက ရင်သားဖွံ့ထွားစေဖို့အတွက် အရမ်းကိုထိရောက်အသုံးဝင်ပါတယ်။ ရင်သားဖွံ့ထွားလှပလိုတဲ့ အမျိုးသမီးတွေအနေနဲ့ဆေးကုလားမကိုနေ့စဉ် စားသုံးပေးမယ်ဆိုရင် ရင်သားပြည့်ဖြိုးလာမှာဖြစ်ပါ

တယ်။ဆေးကုလားမမှာ ရင်သားဖွံ့ထွားစေတဲ့ သဘာဝဆေးဖက်ဝင်အစားအစာတစ်မျိုးဖြစ်ပါတယ်။

(၆) ဝမ်းချုပ်တာကို သက်သာစေခြင်း

ဆေးကုလားမမှာ ဝမ်းပျော့ပျော့သွားစေနိုင်တဲ့အာနိသင်ရှိတာကြောင့် ဝမ်းချုပ်တဲ့သူတွေအတွက်အရမ်းကိုသင့်တော်ပါတယ်။ဆေးကုလားမက ဝမ်းနုတ်ဆေးလို လုပ်ဆောင်ပေးတာကြောင့် ဝမ်းသွားရတာအဆင်ပြေစေပါတယ်။

(၇) မီးဖွားပြီးစ မိခင်တွေအတွက်အထူးသင့်တော်ခြင်း

မီးဖွားပြီးတဲ့အချိန် အမျိုးသမီးတွေကအရမ်းအားနည်းနေတတ်ပါတယ်။ဆေးကုလားမက မီးဖွားပြီးစ မိခင်ေတွေကို အားပြန်ပြည့်စေပြီး မခင်ဖြစ်လာတဲ့အခါ ကြုံတွေ့ရတဲ့ အခြားစိန်ခေါ်မှုတွေကိုလည်းဖြေရှင်းနိုင်အောင်လည်း အထောက်အကူပေးပါတယ်။

ရာသီသွေးဆင်းချိန်မျာ ရာသီသွေးအဆင်းများတာကိုထိန်းချုပ်ရာမှာလည်း အထောက်အပံ့ပေးပါတယ်။

ဆေးကုလားမက မိခင်ရောကလေးငယ်အတွက်ပါ အကျိုးကျေးဇူးရရှိစေပါတယ်။

သမားတော်တိုင်းရင်းဆေး

Credit: Original Poster

Leave a Comment

Your email address will not be published. Required fields are marked *