ပိန္နဲစေ့

သွေးအားကောင်းစေပြီး သွေးခဲပိတ်ဆို့မှုကို ကာကွယ်ပေးနိုင်တဲ့ ပိန္နဲစေ့

(၁) သွေးအားကောင်းစေတယ်

ပိန္နဲစေ့မှာ ဟေမိုဂလိုဘင်ရဲ့အဓိကပါဝင်ပစ္စည်းဖြစ်တဲ့ သံဓါတ်ပမာဏအလုံအလောက်ရရှိတာကြောင့်
သွေးအားနည်းရောဂါကိုကုသနိုင်ပြီးသွေးနဲ့ပတ်သက်တဲ့ရောဂါဝေဒနာအတော်များများကို ကာကွယ်နိုင်ပါတယ်။ သံဓါတ်ကသွေးနီဥဆဲလ်တွေ ထုတ်လုပ်မှုကိုတိုးမြင့်စေလို့ ကိုယ်ခံအားကိုတက်စေပါတယ်။

(၄) သွေးခဲပိတ်ဆို့မှုအန္တရာယ်လျော့နည်းစေတယ်

ပိန္နဲစေ့ မှာပါတဲ့ မဂ္ဂနိစ်ကသွေးခဲပိတ်ဆို့ခြင်းကို ထိန်းညှိပေးနိုင်တယ်လို့ သိရပါတယ်။

(၅) ကြွက်သားဖြစ်ပေါ်မှုကို အားပေးတယ်

ပိန္နဲစေ့မှာပါတဲ့ ပရိုတင်းတွေကကြွက်သားဖြစ်ပေါ်မှုမှာအထောက်အကူပေးပါတယ်။

(၆) အသားအရေဝင်းစေတယ်

ဒီတစ်ခါတော့ စားဖို့မဟုတ်ဘူး။ပိန္နဲစေ့တွေကို နွားနို့၊ပျားရည်နဲ့စိမ်နှပ်ထားပေးပါ။ ပြီးရင် အကုန်ရောကြိတ်ပါ။

ရလာတဲ့အနှစ်ကို မျက်နှာ်မှာ လိမ်းပေးပါ။ပြီးရင်ခြောက်တဲ့အထိထားပြီးရေနွေးနွေးလေးနဲ့မျက်နှာသစ်လိုက်ပါ။

မျက်နှာလေးဖြူဝင်းလာပါလိမ့်မယ်။

(၇) ဆံပင်သန်စေတယ်

ဗီတာမင်အေကြောင့်ပါပဲ။ ဗီတာမင်အေက ဆံသားကြွပ်ဆတ်ပြီး ကျိုးပြတ်လွယ်ခြင်းကို ကာကွယ်ပေးပါတယ်။ ပိန္နဲစေ့မှာကြွယ်ဝတဲ့ ပရိုတင်းဓါတ်တွေကလည်း ဆံသားကျန်းမာရေးကို အားဖြည့်ပေးနိုင်ပါတယ်။

သံဓါတ်ပါဝင်မှုကြောင့်လည်းဦးရေပြားမှာသွေးလည်ပတ်မှုပိုကောင်းစေပြီး ဆံပင်အတွက် အကျိုးပြုတာကနောက်တစ်ချက်ပါ။ ပိုစိတ်ဝင်စားဖို့ကောင်းတာက ပိန္နဲစေ့က စိတ်ဖိစီးမှုကိုလျော့ပါးသက်သာစေနိုင်စွမ်းရှိနေတာပါ။ သူ့မှာပါတဲ့ပရိုတင်းနဲ့တခြားအာဟာရဓါတ်တွေရဲ့အာနိသင်ဖြစ်ပါတယ်။ စိတ်ဖိစီးမှုဆိုတာ ဆံပင်ကျွတ်ခြင်း၊ ဆံပင်ပါးလာခြင်းရဲ့အကြောင်းရင်းခံတစ်ခုဖြစ်နေတာကြောင့် ဒီနည်းနဲ့ ဆံပင်ကျွတ်သက်သာစေတာပဲဖြစ်ပါ့သည်

ပြန်လည်မျဝေပါတယ်ခင်ဗျာ

Credit

Leave a Comment

Your email address will not be published. Required fields are marked *