ကျွန်တော် သိတာလေး လှူပါမည်။ ကျွန်တော်လှူမည့် ပညာသည် ဝဲနှင်းခူအစိုသက်သာပျောက်ကင်းစေသော ဆေးနည်းပင် ဖြစ်ပါသည်။ဤဆေးသည် ဟင်းသီးဟင်းရွက် ဖြစ်ပါသည်။လူသားများ၏ ခြေသလုံးတွင် ပေါက်တတ်သော ဝဲနှင်းခူအစိုကို ရွှေဖရုံရွက် မီးရှို့ပြာချပြီး၎င်းပြာကို အုန်းဆီနှင့် ဖျော်စပ်၍ လူးလိမ်းပေးခြင်းပင် ဖြစ်ပါသည်။
ဆေးကုဆေးလိမ်းခ မယူဘဲ ကုသခဲ့ခြင်းကြောင့် ရောဂါသက်သာ ပျောက်ကင်းကြသူ မနည်းတော့ပါ။
ဤစာပိုဒ်ကို ဖတ်ရှုမိသူမှ တဆင့် ဝဲနှင်းခူရှိသူအား နည်းစနစ်တဆင့် ပြောပြစေလိုပါသည်။
ဤ ဆေး နည်း ဖြင့် ကျွန် တော် ၏ ခြေ ထောက် မှ ဝဲ နှင်း ခူ အ စို အား ကု သ ပေး သူ အ ဒေါ် အား အ မြဲ ကန် တော့ ပါ သည်။ သူ ၏ နာ မည် ကို မ သိ လိုက် ရ တော့ ပါ။ ။
အားလုံး ကျန်းမာ ရွှင်လန်းပါစေ
AI ဆရာရွှေ (စစ်ပြန်)