ကျောက်တည်ပြီး ဆီးမသွားနိုင်ဖြစ်နေတဲ့ ရောဂါ

ကျောက်တည်ပြီး ဆီးမသွားနိုင်ဖြစ်နေတဲ့ ရောဂါကို သက်သာစေခဲ့တဲ့ ဆေးနည်

ဒီနေ့ ဝမ်းသာဆုံး နေ့တစ်နေ့ ထဲမှာပါတယ်။နွယ်ရုံရွာ က ဦးလေးတော်ဆပ်သူ လေးလေးစန်း ရဲ့ ကျောက်တည်ပြီး ဆီးမသွားနိုင်ဖြစ်နေတဲ့ ရောဂါကို ကိုကိုယ်တိုင် ဆေးကြိတ်တိုက်လိုက်တာ ၆ ခွက်သောက်ပြီး ၃ ရက်မြောက်နေ့မှာပဲ ဓါတ်ပုံမှာပါတဲ့ ကျောက်ကြီးက ဆီးလမ်းကြောင်းအတိုင်း ထွက်ကျလာလို့ ဝမ်းသာမိခဲ့တာပါ။ လေးလေးစန်းလည်းတော်တော် နေထိုင်ကောင်းသွားပြီ။ တကယ်တော့ ကျွန်တော်တို့ တိုင်းရင်းဆေးနည်းတွေက တော်တော်စွမ်းတယ်ဗျ။

ဆေးနည်းကတော့ လွယ်တယ် အစွမ်းကတော့ အံ့မခန်းပါပဲ။ ဗူးညွှန်း ၅ ညွှန့် ကို ထောင်းပြီး အရည်ညှစ်ပါ၊ ကျောက်ချဉ် မန်ကျီးသီးစေ့ခန့် အမုန့်ကြိတ်ပြီး ၂ မျိုးလုံးသမအောင်မွှေပြီးသောက်ပါ။ မနက်တစ်ကြိမ် ညတစ်ကြိမ်သောက်ပါ။၃ ရက်ဆက်သောက်ပါ။ဤဆေးနည်းကို ကိုယ်တိုင်ရောဂါပြောက်ပြီး ပြောပြခဲ့တဲ့ မတ္တရာမြို့က ရဲတပ်ကြပ်ကြီး(ငြိမ်း) ဆရာစိုးအောင် နှင့် နက္ခတရောင်ခြည်မှာ ရေးသားဖော်ပြပေးတဲ့ မူရင်းဆရာကြီးများအား ရိုသေလေးစားစွာ ဂါရဝပြုပါ၏။

Credit – မူရင်း

Leave a Comment

Your email address will not be published. Required fields are marked *