အရမ်းကောင်းလွန်းလို့မျှဝေပါရစေ.. ကျမနှာခေါင်းအတွင်းပိုင်းမှာ ထိပ်ခပ်နာဖြစ်တာပါ
(မရိုးရွက်လို့ခေါ်ပါတယ်)
ကျမနှာခေါင်းအတွင်းပိုင်းမှာ ထိပ်ခပ်နာဖြစ်တာပါ
အပုပ်ရည်တွေကအာခေါင်ထဲကိုကျပြီး မျက်နှာတစ်ချမ်းလုံးကိုက်ပြီးဆေးရုံပြနေရပါတယ်
ဒီရောဂါဖြစ်ဖူးတဲ့အမေတစ်ယောက်ကပြောလို့ အဲ့အရွက်(မရိုးရွက်)ကို ကျမကတော့ခြောက်အောင်မစောင့်နိုင်လို့အစိုအတိုင်းပဲလိပ်ပြီး မီးရှို့ပြီးရှူပါတယ်ဒီနေ့နဲ့ဆို၅ရက်ရှိပါပြီ
အပုပ်ရည်လဲမကျတော့ပါဘူး
ယောင်လဲမယောင်ကိုက်လဲမကိုက်တော့ပါဘူး
နှာခေါင်းလဲပိတ်မနေပါဘူး
ပြောပြတဲ့အမေက၁ပါတ်ရှူတယ်ဆိုလို့ကျမလဲ၁ပါတ်တော့ရှူမှာပါ
ကျမလိုထိပ်ခပ်နာရောဂါခံစားနေရသူတွေလဲသိရှိသွားအောင် မျှဝေလိုက်ပါတယ်ရှင့်
ဆီးလွယ်၊ဆီးများရောဂါအတွက် မုရိုးပင်
ယခုပုံမှာ မြင်နေရတဲ့အပင်ဟာ မုရိုးပင်(မရိုးပင်၊ ငဖြူကြီးပင်၊ ကျွဲနုပေါင်ပင်) ဖြစ်ပါတယ်။ မုရိုးပင်ဟာ ဆေးဖက်ဝင်သည့် အပင်တစ်မျိုး ဖြစ်ပါတယ်။
(၁) ဆီးလွယ်သူများနှင့် ဆီးများ၍ ခဏခဏသွားနေရလို့ စိတ်ညစ်နေသူများသည် မုရိုးပွင့်များကို ပြုတ်၍ သုပ်စား၊ တို့စားပါက ဆီးကို ပြန်ချုပ်စေပါသည်။
(၂) မုရိုးရွက်များကို နေရိပ်တွင် အခြာက်ခံ၍ လက်ဖက်ခြောက်ကဲ့သို့ ရေနွေးထဲ ခတ်သောက်လျှင် ဆီးချုပ်စေပါသည်။
(၃) ကျွဲ၊ နွားများ ခွါနာလျှာနာဖြစ်လျှင် မုရိုးရွက်ကို ကြိတ်၍ ကုသပေးနိုင်ပါသည်။
(၄) ပဲစင်းငုံများကို ပိုးမဝင်အောင် မုရိုးပင်၏ အရွက်များဖြင့် အုပ်ထားပါက ပိုးကောင်းများ ပြေးပါသည်။
(၅) မုရိုးရွက်ကို မီးကင်၍ အရည်ညစ်ယူကာ ရှူပေးလျှင် ထိပ်ခပ်နာရောဂါကို သက်သာပျောက်ကင်းစေပါသည်။
ရောဂါဝေဒနာများ သက်သာပျောက်ကင်းနိုင်ကြပါစေ။
စောနွဲ့နေဆိုင် (ပူတာအို )ကြမ်းကိုး ။ ။ရိုးရာဆေးမြီးတိုများ
Credit