လေဖြတ်ဝေဒနာခံစားနေရသူ

လေဖြတ်ဝေဒနာခံစားနေရသူများအတွက် ဆေးနည်းကောင်းတစ်လက်

လေဖြတ် ဝေဒနာ ခံစား နေရသူများသည် ပင်ပန်း ဆင်းရဲစွာ ခံစားရပါသည် ။ ပြုစုရသော မိသားစုများမှာလဲ အင်မတန် မှ ဒုက္ခ ရောက်ပါသည် ။ သို့ဖြစ်ပါ၍ ဆေးဖော်နည်းလေး မျှဝေ လိုက်ပါသည် ။

ဆေးဖော်ရန် လိုအပ်သော ပစ္စည်းများ – ၁ ။ အုန်းသီး ရင့်ရင့် တစ်လုံး။၂ ။ ထနှောင်းခေါက် နှင့် ချက်သော တောအရက် ဦးရည်။၃ ။ ဆေးဖော်နည်းမှာ အုန်းသီး၏ နတ်သမီးပေါက် အနားကို ဓားနှင့် ရှက်၍ နတ်သမီးပေါက်ကို ဖောက်ပြီး အုန်းရည်များ ထုတ်ပစ်ရပါမည် ။

၎င်းနောက် အရက်ဦးရည်ကို အုန်းသီးထဲတွင် အပြည့် ထည့်၍ အပေါက်ကို သင့်တော်ရာဖြင့် လုံအောင် ပြန်ပိတ်ပါ ။ပိတ်ပြီးသော အုန်းသီးကို မြေကြီးကို တောင်ဝက် လောက် တူး၍ ( ၇ ) ရက် တိတိ မြုတ်ပါ ။

( ၇ ) ရက် ပြည့် လျှင် ပြန်ဖော်၍ အုန်းသီးထဲမှ အရက်များ ပြန်ထုတ်ပြီး ပုလင်းထဲ ပြန်ထည့်၍ သောက်လို့ ရပါပြီ ။

ဆေးနည်း အညွှန်း – တစ်ခါသောက် လဖက်ရည် အကြမ်း ပန်းကန် တစ်လုံး တစ်နေ့ တစ်ကြိမ် ဆေးသောက် ပြီးလျှင် လူနာ၏ ကိုယ်တွင်းမှာ စိုးစိုး စစ်စစ် ဖြစ်တတ် ပါသည် ။

စိုးရိမ်စရာ မရှိပါ ၊ ဘေးထွက် ဆိုးကျိုး မရှိပါ ၊ ထွက်လာသော ချွေးများကို သုတ်ပစ်၍ အဝတ် အသစ် လဲပစ်ပါ ။လေဖြတ် ထားသော နေရာ များကိုလဲ လိမ်းပေး၍ ရပါသည် ။

မှတ်ချက် ။ ။၎င်း ဆေးနည်းသည် မိုးကုတ် ဆရာတော် ဘုရားကြီး ချီးမြှင့်သော ဆေးနည်း ဖြစ်ပါသည် ။

Credit

Leave a Comment

Your email address will not be published.

//grunoaph.net/4/5314809