ချဉ်ပေါင်ရွက် လက်တစ်ဆုပ်လောက်ကို ရေနွေးဖျောလိုက်ပါ။ပြီးရင်ဆုံထဲထည့် ညက်အောင်ထောင်းပါ။ဘလင်ဒါနဲ့ကြိတ်ရင်လည်းရပါတယ်။ညက်နေတဲ့အခါ စေးကပ်နေလိမ့်မယ်။ဒူးဆစ်အုပ်မိအောင် လိုအပ်ပါတယ်။ညက်နေတဲ့ချဉ်ပေါင်ကို နနွင်းမှုန့်ဟင်းစားဇွန်းတစ်ဇွန်းနဲ့ရောသမအောင်နယ်ပါ
စိမ်းဝါရောင် ပျစ်ပျစ်လေးဖြစ်အောင်နယ်။
ဒူးပေါ်မှာမထူမပါး ဖြန့်အုပ်လိမ်းပါ။
အပေါ်ကအဝတ်ခေါက် သို့မဟုတ် ဝါဂွမ်းအုပ်ပြီး (၆)လက္မပတ်တီးနဲ့ လုံအောင်စည်းထားပါ။
အေးလိုက်ပူလိုက်ဖြစ်လိမ့်မယ်။
စည်းချိန်(၆) နာရီထားပြီးရင်ဖြည်ပေးပါ။
တစ်နေ့တစ်ကြိမ်(၇) ရက်အထိစည်းပါ။ ဒူးကြီးရောဂါဆိုရင်(၃)ရက်နားပြီးနောက်ထပ်(၇)ရက်ထပ်စည်းပါ။
ပရုပ်ဆီ။မီသိုင်းသိပ်မလိမ်းပါနု့။
ကရမက်နဲ့ဆားအနည်းငယ်ရောသွေးလိမ်းပါ။ တောင်တံကြီးလည်းလိမ်းရပါတယ်။
အရင်က အဒေါ်ကြီးတစ်ယောက် ဒူးဆစ်ရေဝင်တာ ခွဲပြီးသားပြန်ဖြစ်တာ ချဉ်ပေါင်ရိုးနီကို ဆေးကတော့ တိုင်းရင်းဆေးအမှတ်(၄၇)ခုနှစ်ပါးဆေးဝါလေး နဲ့ရောနယ်ပြီးစည်းပေးဘူးတယ်။ ဆယ်ခါလောက်စည်းတော့ကောင်းသွားပါတယ်။
ကြည်လွင်မြင့်(မုဒြာ)
တဆင့်ပြန်လည်မျှဝေပါတယ်