ညအိပ်ယာဝင်လျှင် ခြေထောက်ပူ ကိုက်ခဲနေသူများ

ညအိပ်ယာဝင်လျှင် ခြေထောက်ပူ ကိုက်ခဲနေသူများအတွက် ကိုယ်တွေ့ဆေးနည်း

ညအိပ်ယာဝင်လျှင် ခြေထောက်ပူ ကိုက်ခဲနေသူများအတွက် ကိုယ်တွေ့ဆေးနည်း

ကျွန်တော့်မှာညအိပ်ယာဝင်ပြီဆိုရင် တော်တော်နဲ့ အိပ်မပျော်ပါဘူး အထူးသဖြင့်ကျွန်တော့်ခြေထောက်က တရုတ်အမွှေးပွစောင်ဆိုခြုံအိပ်လို့မရဘူး

ဆောင်းရာသီဖြစ်နေပါစေတရုတ်ကလာတဲ့အမွှေးပွစောင်ခြုံလိုက်တာနဲ့ ခြေဖျားတွေပူ ကိုက်ခဲလာတာ နောက်ဆုံးမနေနိုင်တော့ ခြေထောက်ကိုစောင်အပြင်ဘက်ထုတ်ပြီးအိပ်မှရတယ်

အပေါ်ပိုင်းဘဲစောင်ခြုံအိပ်ရတယ် တစ်ခါတစ်ရံဆောင်းရာသီတောင်မှခြေဖျားတွေပူနေလို့ ရေအေးသွားလောင်းပြီးမှအိပ်လို့ရတယ်

ဒါတောင်ခနလေးနေရင်ခြေထောက်အဖျားပိုင်းကိုစောင်အပြင်ထုတ်အိပ်ရတာဘဲ ခြေထောက်ဖျားကပူလာရင်အိပ်ကိုမရတော့ဘူး ဒီလိုဖြစ်လာတာကြာခဲ့ပါပြီဗျာ

နောက်ဆုံးတရုတ်အမွှေးပွစောင်မြင်တာနဲ့ခြုံအိပ်ရမှာကိုကြောက်လာပါတယ်

မန္တလေးလိုပူတဲ့နေရာကိုခရီးထွက်ရပြီဆိုရင် စောင်မခြုံရပေမဲ့ ပူတဲ့ဒါဏ်နဲ့ခြေဖျားတွေပူလာရင်အိပ်ကိုမရတော့ဘူး ကိုက်ခဲလာတော့တာပါဘဲ

အခုတော့တရုတ်အမွှေးပွစောင်ခြုံလည်း အိပ်လို့ရလာသလို ကိုက်တာခဲတာတွေလဲလျော့သွားပါပြီ

ဒါဘာကြောင့်လဲ

ဘာဆေးနဲ့ပျောက်တာလဲမေးရင် ဟုတ်ကဲ့ ပြောပြပါ့မယ်

ထွေထွေထူးထူးလုပ်စရာမလိုသလို ငွေကုန်လည်းအရမ်းသက်သာတဲ့နည်းပါ

ညအိပ်ယာမဝင်ခင် ရေနွေးပူနဲ့ရေအေးနဲ့မျှတအောင်စပ်ပြီး ဇလုံတစ်ခုထဲထည့်ပါ ခြေဖျားမြှပ်အောင်တော့ရေထည့်ပါ အဲဒီရေထဲမှာ အိမ်သုံးရိုးရိုးဆားလက်တစ်ဆုပ်စာထည့်ပြီး ခြေဖျားတွေကိုနာရီဝက်ကြာအောင်စိမ်ပေးပါ ညစဉ်ညတိုင်းလုပ်ပေးပါ

၄/၅ ရက်ဆားရည်စိပ်ပြီးတာနဲ့ကို သိသိသာသာသက်သာလာပါလိမ့်မယ်

အခုဆိုတရုတ်အနွေးစောင်နဲ့အိပ်လို့ရသလို ခါတိုင်းလိုခြေထောက်ကိုစောင်အပြင်ဘက်ထုတ်အိပ်စရာမလိုတော့ပါဘူး ကိုက်တာခဲတာတွေလည်းသိသိသာသာသက်သာလာပါပြီ

ညညခြေဖျားတွေပူ ကိုက်ခဲလို့အိပ်မရဘူးဆိုတဲ့သူတွေ လုပ်ကြည့်လိုက်ပါ

Credit

Leave a Comment

Your email address will not be published. Required fields are marked *