နှလုံးဟာ ခန္ဓာကိုယ်ရဲ့ အဓိကအကျဆုံး အစိတ်အပိုင်း တစ်ခုဖြစ် တာကြောင့် နှလုံးကျန်းမာရေးကို အမြဲ ဂရုတစိုက် စစ်ဆေးနေဖို့လို ပါ တယ် ။တကယ်လို့ ဆေးခန်းသွားပြီး မစစ်ဆေးခင်မှာ ကိုယ်တိုင် စစ်ဆေး နိုင်မယ့် နည်းလမ်းလေး ရှိ ပါ တယ် ။ ဒီနည်းနဲ့ သင့်နှလုံးကောင်း မကောင်းစစ်ဆေးဖို့ စက္ကန့်၃၀ပဲ အချိန်ပေးဖို့ လို ပါ တယ် ။ ပထမအဆင့်အနေနဲ့ ရေဇလုံး တစ်လုံးထဲ ကိုရေ အပြည့်ထည့်ပြီးရေခဲတုံးလေးတွေ ထည့်ပြီး ရေခဲတုံးတွေ အနည်းငယ်ပျော် သွားအောင် မွှေလိုက်ပါ။ ဒုတိယ အဆင့်အနေနဲ့ အဲ့ဒီရေဇလုံထဲမှာ လက်နှစ်ဖက်ကို နှစ်လိုက်ပြီး စက္ကန့် ၃၀ ထား လိုက် ပါ ။
စက္ကန့် ၃၀ ကြာလို့ လက်နှစ်ဖက်ကို ထုတ်ကြည့် လိုက် တဲ့ အ ခါ လက်ဖျား ထိပ်လေးတွေ နီနေတယ် ဆိုရင်တော့ သင့်ရဲ့ နှလုံးကျန်းမာရေး ကောင်းမွန် ပါတယ်။
သွေးလှည့်ပတ်မှု စနစ်လည်း ကောင်း မွန် ပါ တယ် ။
ဒါကြောင့် စိတ်ပူစရာ မ ရှိ ပါ ဘူး ။တကယ်လို့ သင့်လက်ဖျား ထိပ်လေးတွေက ဖြူဖျော့ပြီး အပြာရောင် ဖြစ်နေတယ် ဆိုရင်တော့ သင့်ရဲ့ နှလုံးနဲ့သွေးလှည့်ပတ်မှု ဆိုင် ရာ ကျန်းမာရေးက စိုးရိမ်စရာ အနေအထား မှာ ရှိနေ ပါ တယ် ။ဒါက သင့်သွေးထဲမှာ အောက်စီဂျင် ပါဝင်မှု နည်းနေတာဖြစ်ပြီး ဒီအနေအထား ကို မကုသဘဲ ကြာလာရင် နှလုံးကျန်းမာရေးကိုပါ ထိခိုက်လာစေ နိုင်တာကြောင့် ဆရာဝန် နဲ့ပြပြီး ဆေးစစ် သင့် ပါ တယ် ။
မူရင်းရေးသားသူကို လေးစားစွာဖြင့် Credit ပေးပါတယ်။