ဗောက်ထ တာဟာ သိပ်ကို စိတ်ညစ်စရာ ကောင်းလွန် းပါတယ်။ ဆောင်းရာသီမှာမှမဟုတ်ဘဲ ရာသီမရွေးဗောက်ထ တတ်တဲ့သူတွေလည်း ရှိပါတယ်။တစ်ချို့ကတော့ အသားအရေ ခြောက်သွေ့လို့ ဗောက်ထကြပြီး တစ်ချို့ကလည်း ခေါင်းလျှော်ရည်နဲ့ မတည့်တာကြောင့် ဗောက်ထကြ ပါတယ်။နွေရာသီမှာ ချွေးထွက်
များပြီး ဦးရေပြားယားယံကာ ဗောက်ထကြ ပါတယ်။
ခေါင်းလျှော်ရည်နဲ့ မတည့်တာမျိုး ဆိုရင်တော့ ခေါင်းလျှော်ရည်ကို ပြောင်းသုံးပေးသင့် ပါတယ်။ဒါပေမယ့် ဈေးကွက်ထဲမှာ ရရှိနေတဲ့ ဗောက်ပျောက် ခေါင်းလျှော်ရည်တွေက သင်နဲ့ မတည့်ဘူးဆိုရင်တော့ သဘာဝ နည်းလမ်းလေးကို မျှဝေပေးပါမယ်။
၁။ လက်ဖက်ဆီ (Tea Oil) ထည့်ပါ။
သင်လျှော်မယ့် ခေါင်းလျှော်ရည်ထဲ မှာ လက်ဖက်ဆီ ၂ စက် ၃ စက်လောက်ထည့်ပြီး ဦးရေပြားမှာ ၁ မိနစ်လောက် နှိပ်နယ်ပေးပါ။ ပြီးမှ ခေါင်းလျှော်ပေးပါ။တစ်ပတ်ကို ၃ ကြိမ်လောက် လုပ်ပေးပါ။ ၁ လလောက်ဆိုရင် ဗောက်ပြဿနာကို ဖြေရှင်းပြီးသားဖြစ်သွားပါလိမ့်မယ်။
၂။ မှုန့်ဖုတ်ဆိုဒါ (Baking Soda) နဲ့ ခေါင်းလျှော်ပါ။
အရင်ဆုံး ခေါင်းကို ရေစိုအောင် လုပ်ပြီး မှုန့်ဖုတ်ဆိုဒါ ကို ဦးရေပြားပေါ်လိမ်းပေးကာ သေချာနှိပ်ပေးပါ။ ပြီးရင် ၁၀ မိနစ်လောက်ထားပြီမှ ခေါင်းလျှော်ချလိုက်ပါ။
၃။ ပန်းသီးရှလကာရည် (Apple Cider Vinegar)
ပန်းသီးရှလကာရည်ကို စပရေးဘူးထဲ ထည့်ပါ။ ပွီးရငျေ ရ၃ ပုံ ၁ ပုံလောက်ရောပြီး ဦးရေပြားနဲ့ ယားယံနေတဲ့ နေရာကို ဖြန်းပေးပါ။ ပြီးရင် ၄၅ မိနစ်လောက်ထားပြီး ခေါင်းလျှော်ချလိုက်ပါ။တစ်ပတ်ကို ၂ ကြိမ်လုပ်ပေးပါ။
၄။ ပါးစပ်ဆေးတဲ့ဆေးရည် (Mouthwash)
Alcohol ပါဝင်မှုများတဲ့ ပါးစပ် ဆေးရည်ကို အသုံးပြုနိုင် ပါတယ်။ အရင်ဆုံး ခေါင်းလျှော်ရည်နဲ့ ခေါင်းအရင်လျှော်ပြီး ခေါင်းလျှော်ရည် ထည့်ပါ။ ပြီးရင် Mouthwash ထည့်ပါ။ အဲဒီနောက် ရေဆေးချပြီး ပေါင်းဆေးထည့်ပါ။ တစ်ပတ်ကို ၃ ကြိမ် နဲ့ ၁ လတိတိလုပ်ပေးပါ။
၅။ အုန်းဆီ
အုန်းဆီကို ခေါင်းမလျှော်ခင်မှာ လက်ဖက်ရည်ဇွန်း ၅ ဇွန်းစာလောက်ကို ဦးရေပြားပေါ်လိမ်းပေးပြီး ၁ နာရီလော်က ထားပါ။ ပြီးရင် ခေါင်းလျှော်ရည် ပေါင်းဆေးတို့နဲ့ ခေါင်းလျှော်ချပါ။ တစ်ပတ်ကို ၃ ကြိမ်လုပ်ပါ။ ၂ ပတ်တိတိလုပ်ပေးပါ။
၆။ သံပုရာရည် (သို့) သံပုယိုရည်
လတ်ဆတ်တဲ့ သံပုရာသီး (သို့) သံပုယိုသီးကို သုံးပေးပါ။
ပြီးရင် ပါးပါးလှီးပြီး ဦးရေပြားပေါ် အရည်ညှစ်ချကာ ပွတ်လိမ်းပေးပါ။ ပြီးရင် ခေါင်းလျှော်ရည် ပေါင်းဆေးတို့နဲ့ ခေါင်းလျှော်ချပေးပါ။
၇။ ဆားကိုသုံးမယ်
ဆားကို ဦးရေပြားပေါ် ဖြန်းပေးပြီး ၅ မိနစ်လေက် ပွတ်လိမ်းပေးပါ။ပြီးရင် ခေါင်းလျှော်ရည်နဲ့ ခေါင်းလျှော်ချပေးပါ။
တစ်ပတ်ကို ၂ ကြိမ်လုပ်ပေးပါ။
၈။ ရှားစောင်းလက်ပက်
ရှားစောင်းလက်ပက်ကိုယူပြီး အလည်ကနေ ခွဲကာ ဦးရေပြားပေါ်မှာ လိမ်းပေးပါ။ ပြီးရင် ၅ မိနစ်လောက်ထားပြီး ခေါင်းလျှာ်ရည် ပေါင်းဆေးတို့နဲ့ ခေါင်းလျှော်ချပေးပါ။
သင်ခေါင်းလျှော်တိုင်းလုပ်ပေးလို့ရပါတယ်။
Credit original