သွားတွေကို သုံးမိနစ်အတွင်း ဖြူသွားစေမည့်အိမ်တွင်းဖြစ်နည်းလမ်းများ
ချမ်းသာတဲ့နိုင်ငံတွေမှာ မိမိသွားတွေသန့်ရှင်းပြီး ဖြူဖွေးစေဘို့ သွားဆရာဝန်ရဲ့ ဝန်ဆောင်စရိတ်က ဒေါ်လာ ၁၀၀၀ နီးပါးရှိပါတယ်။ ငွေကြေးပြည့်စုံတဲ့ သူတွေအတွက်တော့ ခပ်ပေါ့ပေါ့လေး ငွေပေးကဒ်နဲ့ ရှင်းလိုက်ယုံပါဘဲ။
တကယ်ဆိုရင် မိမိအိမ်တွင်းမှာ ဈေးတွင်းမှာ ဝယ်လို့ရတဲ့ ပစ္စည်းနဲ့တင် မိမိသွားကို အလှဆင်လို့ ရတယ်ဆိုတာ မေ့နေကြတယ်။ အမေရိကားမှာ နေထိုင်နေကြတဲ့ လူမည်းတွေရဲ့ ဖြူဖွေးအောင် သွားတိုက်နည်းလေးတခုပါ။ အသားမဲပေမယ့် သူတို့သွားတွေ အမြဲတမ်း ဖြူဖွေးနေအောင် အဲ့ဒီနည်းနဲ့လုပ်တာပါ။
ထူးထူးခြားခြား ရှာစရာမလို.. သံပရာသီး (သို့)သံပယိုသီးနဲ့ မုန့်ဖုတ်တဲ့ ဆော်ဒါမှုန့်တို့ ရောစပ်နည်းဘဲ ဖြစ်ပါတယ်။
သံပရာတစ်လုံး၊ မုန့်ဖုတ်ဆော်ဒါ နှစ်ဇွန်း ရောမွှေရပါတယ်။
ပထမဆုံး ဆော်ဒါမှုန့်ကို ပုဂံလုံးထဲထည့်ပြီး အပေါ်ကနေသံပရာသီးအရည် ညှစ်ချလိုက်ယုံဘဲ။ အမြုပ်တွေထလို့ ကြောက်မသွားပါနဲ့။ ဘာမှမဖြစ်ပါဘူး ခဏကြာတော့ သွားပွတ်တံနဲ့ သမအောင် ရောမွှေပြီး အနှစ်တွေကို သွားပွတ်တံပေါ်တင်ပြီး မိမိသွားတွေကို တိုက်ချွတ်ပေးပါ။
ဒီနည်းနဲ့ တစ်ပတ်ကို နှစ်ကြိမ်ဆို သင့်သွားတွေဟာ တမူထူးခြားပြီး ဖြူဖွေး ဝင်းဝလာပါလိမ့်မယ်။ (တစ်ပတ် နှစ်ကြိမ်ခန့်သာ လိုအပ်ပါသည်။ နေ့စဉ် မတိုက်ရပါ။)
Credit – သမီးလေး