အခုနောက်ပိုင်း ကျွန်တော်တို့ဆီမှာ အစားများလာတဲ့ နဂါးမောက်သီးရဲ့ ကောင်းကျိုးလေးတွေကို သိသလောက် တင်ပြပေးပါမယ်။
(၁) ဝိတ်လျော့တဲ့နေရာမှာ အသုံးဝင်ခြင်း
နဂါးမောက်သီး အနေတော်အစိတ်ငါးစိတ်လောက်စားမှ ကယ်လိုရီ (၆ဝ) ပဲရှိတဲ့အတွက် ကိုယ်အလေးချိန် ထိန်းသိမ်းတဲ့နေရာမှာ အသုံးဝင်တဲ့အသီးတစ်မျိုး ဖြစ်ပါတယ်။ အမျှင်ဓါတ်ကြွယ်ဝလို့ သွေးတွင်း ကိုလက်စထရော (Cholesterol) ပမာဏကိုလည်း လျှော့ချပေးပါတယ်။
(၂) ကင်ဆာရောဂါ ကာကွယ်ပေးခြင်း
နဂါးမောက်သီးမှာ ဓါတ်တိုးဆန့်ကျင်သတ္တိရှိတဲ့ ဗီတာမင်စီ ပါဝင်တဲ့အတွက် ကိုယ်ခံအားစနစ်ကိုလည်း မြှင့်တင် ပေးပြီး ကင်ဆာရောဂါတွေမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။
(၃) အာရုံကြော အားကောင်းစေခြင်း
နဂါးမောက်သီးမှာ ဗီတာမင်ဘီဓာတ်တွေပါဝင်တဲ့အတွက်ကြောင့် အာရုံကြောစနစ်ကို အားကောင်းစေပါတယ်။
(၄) အမြင်အာရုံကောင်းမွန်စေခြင်း
နဂါးမောက်သီးမှာ Betacarotene ဆိုတဲ့ သဘာဝအပင်ရောင်ခြယ်ပစ္စည်းတစ်မျိုးပါဝင်တဲ့အတွက် အမြင်အာရုံကို အားကောင်းစေတဲ့အပြင် ရောဂါပိုးမွှားတွေရန်ကနေလည်း ကာကွယ်ပေးပါတယ်။
(၅) အရိုးနဲ့သွားများကို ကျန်းမာစေခြင်း
ကယ်လ်ဆီယမ် (Calcium) ဓါတ်ပါဝင်တဲ့အတွက် အရိုးနဲ့သွားများကို ကျန်းမာကြံ့ခိုင်စေပါတယ်။
(၆) နှလုံးကျန်းမာရေးအတွက် အထောက်အကူပြုခြင်း
နဂါးမောက်သီးမှာ အမျှင်ဓာတ်နဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းများစွာပါဝင်တဲ့အတွက် သွေးလည်ပတ်မှုကို အားကောင်းစေပြီး နှလုံးသွေးကြောတွေမှာ သွေးခဲပိတ်ဆို့တာမျိုးမဖြစ်အောင် ကာကွယ်ပေးပါတယ်။
(၇) ဝမ်းမှန်စေခြင်း
အမျှင်ဓါတ်ကြွယ်ဝတဲ့အတွက် အစာချေရလွယ်ကူစေပြီး ဝမ်းမှန်စေပါတယ်။
မှတ်ချက် – ကျန်းမာရေးအတွက်ကောင်းတယ်ဆိုပေမယ့် အလွန်အကျွံစားရင် ဘယ်အစားအစာမဆို ဆိုးကျိုး ပေးနိုင်ပါတယ်။
Author : ဒေါက်တာညီညီကျော် (Credit)