ခရစ်စတီယာနို ရော်နယ်ဒို ဟာ လာလီဂါ ထိပ်သီး အသင်းကြီး ဆီကို မန်ချက်စတာ ယူနိုက်တက် မှ Jorge Mendes ၏ ကမ်းလှမ်းမှု ကြောင့် ပြန်လည် ပြောင်းရွှေ့ နိုင်ဖွယ် ရှိနေ ပါတယ် ။
ရော်နယ်ဒိုဟာ ဇန်နဝါရီအပြောင်းအရွှေ့မှာ ယူနိုက်တက်ကနေ အမြန်ဆုံးထွက်ခွာဖို့ ကြိုးပမ်းနေပါတယ်။ မကြာသေးမီက Piers Morgan နှင့် ပြုလုပ်ခဲ့သော အင်တာဗျူးတစ်ခုတွင် အသင်းတာဝန်ရှိသူများ၊ Erik ten Hag၊ ကလပ်၏ သမိုင်းဝင် ကစားသမားများဖြစ်သော Wayne Rooney၊ Gary Neville နှင့် Man Utd ပိုင်ရှင် Glazer မိသားစုတို့ကို အပြစ်တင်ခဲ့သည်။
ခရစ်စတီယာနို ရော်နယ်ဒို မှ
Ten Hag က သူ့ကို လေးစားမှု မရှိဘူးလို့ ပြောပါတယ်။ အဲဒါကြောင့် တော့တင်ဟမ်ဟော့စပါးနဲ့ပွဲမှာ လူစားလဲကစားပို့ ငြင်းဆန်ခဲ့ပြီး ပွဲအချိန်မပြည့်မီ ကွင်းထဲမှ ထွက်လာ ခြင်းဖြစ်ပါတယ်။ Ten Hag နှင့် Man Utd မှ ထိပ်တန်းကစားသမား အချို့ သည် သူ့ကို တွန်းထုတ်ရန် ကြိုးစားနေသည်ဟု ပြောကြားခဲ့သည်။
သရဲနီတွေဟာ ရော်နယ်ဒိုရဲ့ အနာဂတ်အတွက် နောက်ဆုံး ဆုံးဖြတ်ချက် မချရသေးပါဘူး။ ဒါပေမယ့် အမျိုးမျိုးသော သတင်းရင်းမြစ်တွေအရတော့ သူတို့က ပေါ်တူဂီကို ထုတ်ပယ်ဖို့ ပြင်ဆင်နေပါတယ်။
မန်ယူအသင်းသည် ရော်နယ်ဒို၏ လက်ကျန်လုပ်ခ ခုနှစ်လစာပေါင် ၁၆ သန်းကို မပေးဘဲ စောစီးစွာ စာချုပ်ဖျက်သိမ်း မည်ဟုသိရသည်။ ရော်နယ်ဒိုသည် စာချုပ်ပါစည်းကမ်းချက်များကို ဖောက်ဖျက်သည်ဟု မန်ယူရှေ့နေများက ယုံကြည်နေသောကြောင့် ယခုကဲ့သို့ လုပ်ဆောင်နိုင်ခြင်းဖြစ်သည်။
နွေရာသီမှာ ရော်နယ်ဒိုဟာ မန်ချက်စတာယူနိုက်တက်ကနေ ထွက်ခွာဖို့ ကြိုးစားခဲ့တုန်းက ပီအက်စ်ဂျီနဲ့ ဘိုင်ယန်မြူးနစ်အပါအဝင် အသင်းတော်တော်များများက ပယ်ချခံခဲ့ရပါတယ်။
နွေတုန်းက ချဲလ်ဆီးအသင်းက သူ့ကို ချိတ်ဆက်နေပြီး ကြီးကျယ်ခမ်းနားတဲ့ ခေါ်ယူမှုမျိုး ဖြစ်လာမယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။
ယခုလည်း စပိန်သတင်းစာ Sport က ရီးယဲလ်မက်ဒရစ်သည် အသက် ၃၇ နှစ်အရွယ်ရှိပြီဖြစ်သည့် တိုက်စစ်မှူး နှင့်သမိုင်းဝင် ပြန်လည်တွေ့ဆုံနိုင်မည်ဟု ဖော်ပြခဲ့သည်။ ရော်နယ်ဒိုရဲ့ အေးဂျင့်ဖြစ်သူ Jorge Mendes မှ ရော်နယ်ဒိုကို ချန်ပီယံလိဒ်ဆုရှင်တွေဆီ ပြန်ကမ်းလှမ်းခဲ့တယ်လို့ ဆိုပါတယ်။
ခရစ်စတီယာနို ရော်နယ်ဒိုဟာ စပိန်ကို ပြန်လာဖို့ များစွာသေချာ နေပါတယ်။
ရော်နယ်ဒိုဟာ ဘာနေဗျူးမှာ ကိုးနှစ်ကြာနေကစားခဲ့ပြီး ၄၃၈ ပွဲကစားပြီး ၄၅၀ ဂိုး သွင်းယူခဲ့ပါတယ်။
ပုံမှန်အားဖြင့်တော့ ပရိတ်သတ်တွေအနေနဲ့ ရော်နယ်ဒို ရီးရဲလ်ကို ပြန်သွားဖို့ ဖြစ်နိုင်ချေကို နည်းပါတယ်။ သူတို့က စိတ်ကူးယဉ်ဆန်ဆန် ပြန်လည်ဆုံစည်းမှုအဖြစ် ရိုးရိုးရှင်းရှင်းပဲ ရှုမြင်ကြလိမ့်မယ်။
သို့သော်လည်း ရီးရဲလ်နည်းပြ အန်ဆယ်လော့တီသည် ယခုဆောင်းရာသီတွင် တိုက်စစ်မှူးသစ်တစ်ဦး လိုအပ်နေမည်ဖြစ်သည်။ ဘာ့ကြောင့်လဲဆိုတော့ ဘန်ဇီမာဟာ ပေါင်ဒဏ်ရာ ရသွားလို့ပါပဲ။ ၎င်းဒဏ်ရာကြောင့် ဘန်ဇီမာဟာ သည်ပြင်သစ်အသင့် အတွက်ကမ္ဘာ့ဖလားပြိုင်ပွဲ ကစားခြင်းကနေ နုတ်ထွက်လိုက်ရပါ။
အန်ဆယ်လော့တီက ဘန်ဇီမာအနေနဲ့ ကမ္ဘာ့ဖလားအပြီး ပြည်တွင်းဘောလုံးပွဲတွေ ပြန်စပြီးတာနဲ့ လာလီဂါပွဲတွေမှာ ပါဝင်နိုင်မလားဆိုတဲ့ ကိစ္စနဲ့လည်း မရေရာဖြစ်နေပြီး ၎င်းကိစ္စ အတွက် ဇောချွေးတွေထွက်နေပါတယ်။
ဒါက ရော်နယ်ဒိုအတွက် အလားအလာရှိတဲ့ ပြောင်းရွှေ့ကြေးကို အရင်ကထက် ပိုဖြစ်စေပါတယ်။
Jorge Mendes သည် စပိန်မြို့တော်သို့ ပြန်သွားမည့် Ballon d’Or ငါးဆုရှင်နှင့် ပတ်သက်၍ ရီးရဲလ်အကြီးအကဲများနှင့် ကနဦး ဆွေးနွေးမှုများ ပြုလုပ်နေသည်။
ဒါပေမယ့်လဲ ဘန်ဇီမာက ကမ္ဘာ့ဖလားပြိုင်ပွဲထက် ပိုကြာနေရင်တောင် အပြောင်းအရွှေ့က အမှန်တကယ် ပြီးမြောက်ဖို့ဆိုတာ ဖြစ်ဖို့ခက်ပါတယ်။
ရီးရဲလ်အသင်းသည် ရော်နယ်ဒို၏အသက်အရွယ်ထက် ငယ်ရွယ်သော ရှေ့တန်းကစားသမားတစ်ဦးကို ပိုမိုခေါ်ယူလိုမည်ဖြစ်သည်။
သူတို့တိုက်စစ်ပိုင်း အားဖြည့်မှု ပရောဂျက်ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ပြင်သစ်နိုင်ငံသား Kylian Mbappe ကို အာရုံစိုက်နေတုန်းပါပဲ။ ဒီနှစ်အစောပိုင်းက သူ့တို့ကို PSG မှငြင်းပယ်ခဲ့ပေမယ့် လက်ရှိဖြစ်ပေါ််နေ သောအခြေအနေ အရ PSG ကနေ အပြီးသတ်ခေါ်ယူဖို့ မျှော်လင့်နေဆဲဖြစ်ပါ။
ရော်နယ်ဒိုကို မန်ယူအသင်းကနေ ခေါ်ယူတာဟာ အန်ဆယ်လော့တီရဲ့လူစာရင်းမှာ အမ်ဘတ်ပီအတွက် နေရာမရှိဖြစ်လာနိုင်ပြီး ၎င်ခေါ်ယူ မှုက ရီးယဲလ်၏ လုပ်ခလစာပေးရေးတွင် အဓိကပြဿနာ ဖြစ်လာနိုင်သည်။ ထို့ကြောင့် ရီးရဲလ်ဥက္ကဋ္ဌ ဖလော်ရန်တီနို ပီရက်ဇ်က ရော်နယ်ဒိုကို ဒုတိယအကြိမ်အဖြစ် ခေါ်ယူ ရန်အခွင့်အရေးကို ငြင်းဆိုဖွယ်ရှိသည်။
တစ်ချိန်တည်းတွင်၊ Ten Hag သည် ၎င်း၏အနာဂတ်နှင့် ပတ်သက်၍ ကြီးကြီးမားမား ဝန်ခံပြီးနောက် နယ်သာလန်လက်ရွေးစင်တစ်ဦးကို ခေါ်ယူရန် ကြိုးစားရာတွင် ရှုံးနိမ့် ခဲ့ကြောင်း ဝန်ခံခဲ့သည်။
Credit: TeamTalk by James Holland