
ပရိသတ်ကြီးရေ အဆိုဘက်တွင်သာမက သရုပ်ဆောင်ပိုင်းမှာပါ အားလုံးရဲ့ တစ်ခဲနက် အားပေးမှုတွေကို ရရှိထားသူတစ်ဦးကတော့ အဆိုတော် ရဲရင့်အောင်ပဲ ဖြစ်ပါတယ်။ သူကတော့ လက်ရှိမှာ အနုပညာလှုပ်ရှားမှုတွေ ဘာတစ်ခုမှမလုပ်ဆောင်သေးဘဲ နေထိုင်လျက် ရှိနေတာ ဖြစ်ပါတယ်။ လူမှုကွန်ယက်ကနေလည်း အချိန်အတော်ကြာပျောက်ကွယ်ခဲ့ပြီး မကြာသေးခင်ကမှ ပြန်မြင်တွေ့ရတာ ဖြစ်ပါတယ်။
အနုပညာလှုပ်ရှားမှုတွေ မရှိသေးတာကြောင့် စုဆောင်းထားတာလေးတွေ ထုခွဲရောင်းချရင်း စားဝတ်နေရေးကိုဖြေရှင်းနေရတာ ဖြစ်ပါတယ်။ မကြာသေးခင်က ရဲရင့်အောင်ရဲ့ Facebook Story တွင် ပုံလေးတစ်ပုံ တင်ထားတာဖြစ်ပါတယ်။ ဒါကတော့ ချွေးနဲစာဖြင့် ဝယ်ထားတဲ့ ကားလေးရောင်းလိုက်ရတာကြောင့် သူများကားပေါ်တက်မောင်းရတိုင်း ခံစားရတဲ့ သူ့ရဲ့အဖြစ်ကို ရင်ဖွင့်လာခဲ့တာ ဖြစ်ပါတယ်။
” အများကြီး မဟုတ်ပါဘူး သူများကားတက်မောင်းရတိုင်း ကျွန်တော် အပင်ပန်းခံရှာထားရတဲ့ ကျွန်တော့်ကားလေးကို ပြန်လွမ်းမိရုံလောက်ပါပဲ ” ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။ ကဲ ပရိသတ်ကြီးလည်း စိတ်မကောင်းဖြစ်နေတဲ့ ရဲရင့်အောင်အတွက် အားပေးစကားများ ပြောပေးသွားခဲ့ကြပါဦးနော်။