ကမ္ဘာ့သမိုင်းထဲက အစောဆုံး တိုက်ပွဲ
လူသားတွေဟာ ယခုကာလမှာသာမက လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာကတည်းက နယ်မြေတခု နဲ့ တခု ၊ လူမျိုးစု တခု နဲ့ တခုအကြား မတည့်ကြရာကနေ တိုက်ပွဲတွေကို တိုက်ခိုက်ခဲ့ကြပါတယ်။ ကမ္ဘာ့သမိုင်း မှတ်တမ်းတင်ခဲ့သမျှ တိုက်ပွဲတွေထဲမှာ ပြည့်ပြည့်စုံစုံမှတ်တမ်းတင်နိုင်ခဲ့တဲ့ အစောဆုံးတိုက်ပွဲကတော့ လွန်ခဲ့သောနှစ်ပေါင်း ၃၅၀၀ခန့်က အီဂျစ်နဲ့ Canaanites တွေအကြား တိုက်ခိုက်ခဲ့ကြတဲ့ မက်ဂီဒိုတိုက်ပွဲပဲ ဖြစ်ပါတယ်။ ဒီတခါတော့ အစောဆုံးတိုက်ပွဲဖြစ်တဲ့ ဒီတိုက်ပွဲအကြောင်းကို ဗဟုသုတ အနေနဲ့ ဝေမျှလိုက်ပါတယ်။ ဘီစီ(၁၅)ရာစုကာလအတွင်းဖြစ်ပွားခဲ့တဲ့ Megiddo မက်ဂီဒို တိုက်ပွဲဟာဆိုရင်ရှေးအီဂျစ်တွေရဲ့ အရှေ့အလယ်ပိုင်းဒေသညွှန့်ပေါင်းမဟာမိတ်စစ်သည်တွေအပေါ်အနိုင်တိုက်ခိုက်နိုင်ခဲ့တဲ့ စစ်ပွဲတစ်ခုဖြစ်ပါတယ်။ ယင်းအောင်ပွဲကြောင့် အီဂျစ်ဖာရိုဘုရင် Thutmose III တတိယသပ်မို့စ် ဟာ နောင်တချိန်မှာတန်ခိုးအာဏာထွန်းတောက်မယ့် အီဂျစ်အင်ပါယာကြီးကိုတည်ထောင်ဖို့ အကောင်းဆုံးသော အခြေအနေတစ်ရပ်ကိုပိုင်ဆိုင်သွားနိုင်ခဲ့ပါတယ်။ Thutmose III ဟာဖာရိုဘုရင်တွေရဲ့အစဉ်အလာအတိုင်း သူဖခင်ဖြစ်သူ Thutmose …