Technology

အလုပ်လူလျှော့ဖို့ မန်နေဂျာတွေဆီက လူစာရင်းတောင်းနေပြီ ဖြစ်တဲ့ Meta

လုပ်ရည်ကိုင်ရည်မကောင်းတဲ့ ဝန်ထမ်းတွေကို အလုပ်ဖြုတ်ဖို့ Meta က စပြီး အစီအစဉ် ဆွဲလာပြီ ဖြစ်ပါတယ်။  ကုမ္ပဏီရဲ့ သက်ဆိုင်ရာ Line Managers တွေကို ကိုယ့်လက်အောက် ဝန်ထမ်းတွေထဲက အရည်အချင်းစံမမှီတဲ့ ဝန်ထမ်းတွေ ရွေးချယ်ထားဖို့ ပြီးခဲ့တဲ့ သီတင်းပတ်အကုန်မှာ Meta ရဲ့ Remote Presence and Engineering ဒုဥက္ကဌ မား ဆာဘာက မန်နေဂျာတွေကို မက်ဆေ့ချ်ပို့လိုက်တယ်လို့ The Information က ဖော်ပြပါတယ်။ Team အလိုက် အဖွဲ့ထဲက Support လိုအပ်တဲ့ လူတွေကို တနင်္လာနေ့အကုန်မှာ ရွေးထုတ်ထားဖို့ ညွှန်ကြားထားတယ်လို့ ဆိုပါတယ်။  သတ်မှတ်ချက်နဲ့အညီ မလုပ်နိုင်ဘဲ လုပ်ရည်ကိုင်ရည်ကျဆင်းနေသူတွေကိုလည်း သူတို့စီမံခန့်ခွဲမှုဌာနကနေ ထွက်ခွင့်ပြုသင့်ကြောင်း ပြောထားပါတယ်။ “Support ပေးဖို့ လိုတဲ့လူတွေကို …

အလုပ်လူလျှော့ဖို့ မန်နေဂျာတွေဆီက လူစာရင်းတောင်းနေပြီ ဖြစ်တဲ့ Meta Read More »

မြန်မာနိုင်ငံထဲ Starlink ဂြိုလ်တုအင်တာနက်ဝန်ဆောင်မှု ဖြန့်ချိဖို့ စီစဉ်နေ

သူဌေးကြီး အီလွန်မတ်စ်ပိုင် Starlink ဂြိုလ်တုအခြေပြု အင်တာနက်ဝန်ဆောင်မှုဟာ လာမယ့်နှစ်ကစပြီး မြန်မာအပါအဝင် အရှေ့တောင်အာရှဈေးကွက်ထဲ ဝင်ရောက်ဖို့ စီစဉ်နေတယ်လို့ သတင်းထွက်နေပါတယ်။ SpaceX အာကာသကုမ္ပဏီရဲ့ Starlink ဂြိုလ်တုအင်တာနက်ဟာ ပြီးခဲ့တဲ့ မေလကုန်ပိုင်းကပဲ ဖိလစ်ပိုင်နိုင်ငံ တယ်လီကွန်းဆက်သွယ်ရေးဆိုင်ရာ အဖွဲ့အစည်းရဲ့ ခွင့်ပြုချရထားတာ ဖြစ်ပါတယ်။ ဖိလစ်ပိုင်ဟာ အရှေ့တောင်အာရှနိုင်ငံတွေထဲမှာ Starlink ဂြိုလ်တုအင်တာနက်ဝန်ဆောင်မှုကို ပထမဆုံး ရယူနိုင်တဲ့ နိုင်ငံဖြစ်လာတော့မှာပါ။ ကုမ္ပဏီအနေနဲ့ Starlink ဝန်ဆောင်မှုကို အရှေ့တောင်အာရှဈေးကွက်နေရာတွေမှာ တိုးချဲ့ ဖြန့်ကြက်ဖို့လည်း စီစဉ်နေတယ်လို့ ဆိုပါတယ်။  Nikkei Asia က ရတဲ့ သတင်းတစ်ခုအရ ဒီအမေရိကန်ကုမ္ပဏီဟာ ၂၀၂၃ ဝန်းကျင်လောက်မှာ အင်ဒိုနီးရှား ၊ မလေးရှား ၊ ဗီယက်နမ်နဲ့ မြန်မာတို့မှာ ဝန်ဆောင်မှု ဖြန့်ကြက်သွားဖို့ စီစဉ်ထားကြောင်းလည်း သိရပါတယ်။ …

မြန်မာနိုင်ငံထဲ Starlink ဂြိုလ်တုအင်တာနက်ဝန်ဆောင်မှု ဖြန့်ချိဖို့ စီစဉ်နေ Read More »