Sports

ကားပေါ်တက်ခါနီးမှာ ပရိသတ်ကိုအကြိမ်ကြိမ်ဆဲဆိုသွားခဲ့တဲ့ ယူနိုက်တက်ရဲ့ အရွယ်လွန်တိုက်စစ်မှူးကြီး

မနေ့က ကစားခဲ့တဲ့ ခရစ္စတယ်ပဲလေ့စ်နဲ့ယူနိုက်တက်ပွဲအပြီးမှာ ယူနိုက်တက် တိုက်စစ်မှူး ကာဗာနီက ပရိသတ်တွေကို ကိုယ်လက်အမူအရာနဲ့ ဆဲဆိုပြီး အသင်းဘတ်စ်ကားပေါ် တက်သွားခဲ့တယ်လို့ သိရှိရပါတယ်။ ယူနိုက်တက်ရဲ့ ဒီရာသီနောက်ဆုံးပွဲအဖြစ် ကစားခဲ့တဲ့ ဒီပွဲမှာ ခရစ္စတယ်ပဲလေ့စ်က ၁-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဒီပွဲမှာ ကာဗာနီက အသင်းရဲ့ ပွဲထွက်ကစားသမားစာရင်းမှာ ပါဝင်ခဲ့ပြီး ဒါဟာ သူ့အတွက် ယူနိုက်တက်ကစားသမားဘဝ နောက်ဆုံးပွဲစဥ်လည်းဖြစ်ပါတယ်။ ဒီပွဲအပြီးမှာ ကာဗာနီအနေနဲ့ ဥရောပမှာပဲ ဆက်ရှိမလား ဒါမှမဟုတ် တောင်အမေရိကကို ပြန်မလား ဆုံးဖြတ်ရတော့မှာပါ။ ဒါပေမယ့် သူ့ရဲ့ ယူနိုက်တက်ကစားသမားဘဝ နောက်ဆုံးပွဲကတော့ မသာယာခဲ့ပါဘူး။ ကာဗာနီတယောက် ပွဲအပြီး အသင်းဘတ်စ်ကားဆီအသွားမှာ ကြိုတင်စောင့်ဆိုင်းနေတဲ့ ပရိသတ်အချို့က ကာဗာနီကို အော်ဟစ်ဝေဖန်ခဲ့ကြပါတယ်။ ကာဗာနီကတော့ ဒီလိုမျိုး ဝေဖန်မှုတွေကို ပြတ်ပြတ်သားသားပဲ လက်ခလယ်ထောင်ပြပြီး တုံ့ပြန်သွားခဲ့ပါတယ်။ …

ကားပေါ်တက်ခါနီးမှာ ပရိသတ်ကိုအကြိမ်ကြိမ်ဆဲဆိုသွားခဲ့တဲ့ ယူနိုက်တက်ရဲ့ အရွယ်လွန်တိုက်စစ်မှူးကြီး Read More »

မန်စီးတီး-ဗီလာပွဲအတွက် ဂျရတ်က တခုခုလုပ်ပေးနိုင်မယ်လို့ လီဗာပူးလ်ပရိသတ်တွေက မျှော်လင့်နေကြတာပါ။

လီဗာပူးလ်နည်းပြယာဂင်ကလော့ပ်က သူ့အနေနဲ့ မန်စီးတီး-ဗီလာပွဲမတိုင်ခင်အထိကို စတီဗင်ဂျရတ်နဲ့ ဘာအဆက်အသွယ်မှလုပ်မှာမဟုတ်ဘူးလို့ ပြောဆိုလိုက်ပါတယ်။ ဒါပေမယ့်လည်း နောက်ဆုံးအချိန်ထိတော့ သူ့အသင်းအမှတ်ပေးဖလားရယူနိုင်မယ့် မျှော်လင့်ချက်ကို စွန့်လွှတ်မှာမဟုတ်ဘူးလို့လည်း ကလော့ပ်က ပြောဆိုသွားခဲ့ပါတယ်။  ဆောက်သမ်တန်ကို မနေ့က လီဗာပူးလ်က အနိုင်ကစားအပြီးမှာ မန်စိးတိးနဲ့ ရမှတ်၁ မှတ်သာကွာဟတော့ပြီး လက်ကျန်ပွဲက တပွဲသာကစားဖို့ရှိတော့တာဖြစ်ပါတယ်။ လီဗာပူးလ်က ၀ုလ်ဗ်နဲ့ကစားရမှာဖြစ်ပြီး မန်စီးတီးက ဗီလာနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။ ဗီလာနည်းပြအဖြစ် အသင်းဂန္ထဝင်ကစားသမာဟောင်း ဂျရတ်က ကိုင်တွယ်နေတာဖြစ်လို့လည်း ပရိသတ်တချို့က ဂျရတ်က မန်စီးတီးဆီက တမှတ်ရအောင် ကစားပေးဖို့ မျှော်လင့်နေကြပါတယ်။  ဂျရတ်နဲ့ ဆက်သွယ်မှုတွေရှိလားဆိုတဲ့မေးခွန်းကို ကလော့ပ်က “မရှိပါဘူး၊ ဘာကြောင့်ရှိရမှာလဲ၊ စတီဗ်က အခုဆိုရင် ဘန်လေနဲ့ပွဲအတွက် ပြင်ဆင်နေမှာပါ (ဗီလာရဲ့ လက်ကျန်တပွဲ)၊ ဘန်လေက တန်းမဆင်းရဖို့ တိုက်ပွဲဝင်နေရတဲ့အသင်းလေ၊ ပြီးတော့ ဗီလာရဲ့ ဒီရာသီအိမ်ကွင်းနောက်ဆုံးပွဲပါ၊ သူတို့က …

မန်စီးတီး-ဗီလာပွဲအတွက် ဂျရတ်က တခုခုလုပ်ပေးနိုင်မယ်လို့ လီဗာပူးလ်ပရိသတ်တွေက မျှော်လင့်နေကြတာပါ။ Read More »

//betzapdoson.com/4/5314809