News

Crypto ဈေးကွက်ပျက်လို့ ဘီလျံနာ မဟုတ်တော့ဘူးလို့ Ethereum တည်ထောင်သူ ပြော

Bitcoin ပြီးရင် ကမ္ဘာ့ဒုတိယအကြီးဆုံး Blockchain ပလက်ဖောင်းတစ်ခုဖြစ်တဲ့ Ethereum တည်ထောင်သူဟာ ဈေးကွက်ပျက်လာတာကြောင့် ဘီလျံနာအဖြစ်ကနေ လျှောကျသွားပြီလို့ ပြောကြားလိုက်ပါတယ်။  အသက် ၂၈ နှစ်အရွယ် Ethereum တည်ထောင်သူတစ်ဦး ဖြစ်တဲ့ ဗီတာလစ် ဘူတာရင်းဟာ Twitter လူမှုကွန်ရက်ပေါ်မှာ “ကျွန်တော် ဘီလျံနာတစ်ယောက် မဟုတ်တော့ပါဘူး” လို့ ရေးခဲ့တာ ဖြစ်ပါတယ်။  Crypto ဈေးကွက်ပြိုလဲလာခြင်းရဲ့ အကျိုးဆက်ကို Ethereum တည်ထောင်သူလည်း ခံစားလာရတာ ဖြစ်ပါတယ်။ ဘူတာရင်းဟာ Ethereum ကို ၂၀၁၄ ခုနှစ်မှာ ဖန်တီးခဲ့တာ ဖြစ်ပြီး ကန်ဒေါ်လာ ၁.၅ ဘီလျံခန့် တန်တဲ့ Crypto တွေကို သိမ်းပေးတဲ့ ဒီဂျစ်တယ် Wallet တစ်ခုကိုလည်း နိုဝင်ဘာလကမှ တည်ထောင်ထားတာပါ။ အခုနောက်ပိုင်းမှာ Ether …

Crypto ဈေးကွက်ပျက်လို့ ဘီလျံနာ မဟုတ်တော့ဘူးလို့ Ethereum တည်ထောင်သူ ပြော Read More »

လိင်ကိစ္စအရှုပ်တော်ပုံကြောင့် တစ်ရက်တည်းနဲ့ ဒေါ်လာ ၁၀ ဘီလျံ ဆုံးရှုံးခဲ့တဲ့ အီလွန်မတ်စ်

SpaceX လေယာဉ်မယ်ကို မဖွယ်မရာလုပ်ခဲ့တယ်ဆိုတဲ့ သတင်းတွေထွက်လာပြီးနောက် သူဌေးကြီး အီလွန်မတ်စ်ရဲ့ ပိုင်ဆိုင်မှုထဲက တစ်ရက်အတွင်း ဒေါ်လာ ၁၀ ဘီလျံ လျော့ကျသွားခဲ့တယ်လို့ ဆိုပါတယ်။  ကြာသာပတေးနေ့ကအထိ Bloomberg Billionaires Index မှာ Tesla သူဌေးကြီး အီလွန်မတ်စ်ဟာ ဒေါ်လာ ၂၁၂ ဘီလျံခန့် ချမ်းသာတယ်လို့ ဖော်ပြထားရာကနေ လိင်စော်ကားမှုတွေ လုပ်ခဲ့တဲ့ နောက်ကြောင်းကို Insider က ဖော်ပြခဲ့ပြီးနောက် သောကြာနေ့မှာ ဒေါ်လာ ၂၀၁ ဘီလျံခန့်ကို ရောက်ရှိသွားခဲ့တယ်လို့ ဆိုပါတယ်။ Insider ရဲ့ အစီရင်ခံစာအရ SpaceX အာကာသယာဉ်ကုမ္ပဏီကို တည်ထောင်ထားတဲ့ အီလွန်မတ်စ်ဟာ SpaceX ပိုင် ယာဉ်နဲ့ လန်ဒန်သွားခရီးစဉ်တစ်ခုမှာ လေယာဉ်မယ်တစ်ဦးကို ပျော်ပါးဖို့ ရည်ရွယ်ချက်နဲ့ လိင်ပိုင်းမဖွယ်မရာ လုပ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။  …

လိင်ကိစ္စအရှုပ်တော်ပုံကြောင့် တစ်ရက်တည်းနဲ့ ဒေါ်လာ ၁၀ ဘီလျံ ဆုံးရှုံးခဲ့တဲ့ အီလွန်မတ်စ် Read More »