Historical

ပျူစောထီးမင်း

ပျူစောထီးမင်း နှင့် ငှက်ပစ်တောင်ဘုရား သမိုင်း

( ၁၆၇ – ၂၄၂ )ဘုန်းလက်ရုံးအခြွေအရံ အသာလွန်ဆုံးသောမင်း ( သို့ ) ပုဂံခေတ် သက်တော်အရှည်ဆုံးမင်းတစ်ပါး ( သို့ ) တတိယမြောက် ပုဂံဧကရာဇ် ပျူစောထီးကို ပျူအိုတို့မွေး၍ ကြီးသောကြောင့်ပျူမင်းထီးဟု အမည်တွင်လေသည်။ ရှေးသရောအခါပုဂံပြည်တွင် သမုဒ္ဒရာဇ်မင်း လက်ထက်၌ ငှက်ကြီး ၊ဝက်ကြီး ၊ ကျားကြီး၊ ရှူးပျံ တို့သည် ပြည်ရွာကိုနှောက်ယှက် မင်းမူနေကြ၏။ထိုရန်သူတို့ကိုစွမ်းအားသတ္တိနှင့် ပြည့်စုံသောပျူစောထီးက ဖြိုဖျက်လိုက်လေသည်။ (သမုဒ္ဒရာဇ်မင်းမှာသာသနာ ၆၇၁မှ ၆၉၆ ခုအထိ အုပ်စိုးသည် ဆိုသည်) ပျူစောထီးမင်းကား အထက် တကောင်းမင်းမျိုး ၊သတိုး အာဒိစ္စရာဇာမည်သောမင်း၏သားတည်း။ ပြည်ရွာမငြိမ်သက်ဖြစ်သဖြင့် ပြေးပုန်းရှောင်လွဲနေရာမှ ပုဂံပြည်ဆီသို့ ရောက်ရှိ၊ ပုဂံအနီး မြေခဲတွင်းရွာနေပျူအိုလင်မယားထံတွင် မှီခိုနေလေ၏။ပျူအိုလင်မယားကလည်း သားသမီး မရှိသည်နှင့် သားအရင်းကဲ့သို့ မွေးကျွေးထား၏။ …

ပျူစောထီးမင်း နှင့် ငှက်ပစ်တောင်ဘုရား သမိုင်း Read More »

ယောအတွင်း ဝန်ဦးဖိုးလှိုင်

ယောအတွင်း ဝန်ဦးဖိုးလှိုင်

ယောအတွင်းဝန်ဦးဖိုးလှိုင်သည် အာယုဒါယအသက် အပိုင်းအခြားကိုနားလည်သဖြင့်သူ မကွယ်လွန် မီတစ်လခန့်ကြို၍ ငယ်သူငယ်ချင် ဦး တူဆိုသူကိုသူ့အိမ်မွာခေါ်ထားသတဲ့ ။ သီးခြားအဆောင်နှင့်အတူနေသတဲ့ ” မောင်တူရေ မင်းနဲ့ငါကငယ်သူငယ်ချင်းတွေ ငါ့ကိုမင်းကြီးလို့စိတ်မစွဲနဲ့ ,,ဘုရားမထူးနဲ့ အရိုအသေမပြု နဲ့ တို့များကျောင်းနေတုန်း က လိုဘိုး လှိုင် ပဲ ခေါ် ငါ လည်းမင်းကိုမောင်တူပဲခေါ် မယ် ,,ငယ်ငယ်တုန်းကလိုကျောင်းသား စိတ်မျိုးနဲငါ့ကိုစကားပြော ငါ့နားမှာ တစ် လ နေ မင့်သားမယားအတွက်ငွေဒင်္ဂါး ၂၀၀ လူကြုံနဲ့ပို့လိုက် ငါ့ကိုလည်းမင်းကျွေးချင်တာချက်ကျွေး ဘာစားမလဲမမေးနဲ့ မင်းကျွေးတာငါစားမယ် မင်းပြောတာငါနားထောင်မယ် ဒီအခန်းကိုငါ့ဇနီး ဝန်ကတော်တောင်မဝင်စေနဲ့ ” သည်လိုစည်းကမ်းထား ပြီးငယ်သူငယ်ချင်းနှစ် ယောက်ငယ်ငယ် ကလိုပြော ဆိုရယ်မောနေကြသတဲ့ ။ကျောင်းစာတွေကို တစ်လှည့်စီ ပြန် အံကြသတဲ့ ။တရားအတူတူ ထိုင်တရားဆွေးနွေးကြသတဲ့ ။နေ့စဉ်ညအိပ်ခါနီးဘုရားဝတ်တက် ၊တရားရှုမှတ် …

ယောအတွင်း ဝန်ဦးဖိုးလှိုင် Read More »