Health

Kidney

ကျောက်ကပ်ရောဂါရှိသူများအတွက် အကောင်းဆုံးအစားအစာ ၂၀ မျိုး (အပိုင်း-၁)

ကျောက်ကပ်ရောဂါသည် ကမ္ဘာ့လူဦးရေ၏ ၁၀% ခန့်အဖြစ်များသော ရောဂါ့ဖြစ်သည်။ပဲတောင့်ပုံသဏ္ဍာန် ရှိသောကျောက်ကပ်များသည် သေးငယ်သော်လည်း လူ့ခန္ဓကိုယ်တွင် အရေးကြီးသော လုပ်ငန်း ဆောင်တာများစွာကို လုပ်ဆောင်ပေးသော အင်္ဂါဖြစ်သည်။ ၎င်းတို့သည် စွန့်ပစ်ပစ္စည်းများကို စစ်ထုတ်ခြင်း၊ သွေးပေါင်ချိန်ထိန်းညှိပေးသော ဟော်မုန်းများထုတ်လွှတ်ခြင်း၊ ခန္ဓာကိုယ်အတွင်းရှိ အရည်များကို ဟန်ချက်ညီစေခြင်း၊ ဆီးထုတ်ခြင်း နှင့် အခြားမရှိမဖြစ်လိုအပ်သော အလုပ်များတို့အတွက် တာဝန်ရှိပါသည်။ ဤအရေးကြီးသော ကိုယ်တွင်းအင်္ဂါများ ပျက်စီးသွားစေရန် နည်းလမ်းအမျိုးမျိုးရှိသည်။ဆီးချိုရောဂါနှင့် သွေးတိုးရောဂါသည် ကျောက်ကပ်ရောဂါ ဖြစ်ရခြင်း၏ အဓိကအကြောင်းရင်းများဖြစ်သည်။ သို့သော်လည်း အဝလွန်ခြင်း၊ ဆေးလိပ်သောက်ခြင်း၊ မျိုးရိုးဗီဇ၊ ကျား၊ မနှင့် အသက်အရွယ်တို့ကြောင့်လည်း ဖြစ်နိုင်ချေတိုးလာနိုင်သည်။ထိန်းချုပ်နိုင်မှဒမရှိသော သွေးတွင်းသကြားဓာတ်နှင့် သွေးတိုးရောဂါသည် ကျောက်ကပ်အတွင်းရှိ သွေးကြောများကို ထိခိုက်ပျက်စီးစေပြီး၊ ကျောက်ကပ်၏လုပ်ငန်း လုပ်ဆောင်မှု လျော့ကျစေပါသည်။ကျောက်ကပ်ရောဂါရှိသူများသည် အစားစာရာတွင် အထူးသတိပြု စားသောက်ရန် လိုအပ်ပါသည်။ကျောက်ကပ်ရောဂါရှိသူတိုင်းသည် မတူညီသောကြောင့် …

ကျောက်ကပ်ရောဂါရှိသူများအတွက် အကောင်းဆုံးအစားအစာ ၂၀ မျိုး (အပိုင်း-၁) Read More »

BanDarYwat

ဇက်နာကျီးပေါင်းအတွက်ဗန်ဒါရွက်

ဗန်ဒါရွက် ကတကယ်ကိုကောင်းတဲ့ဆေးတမျိူးပါ။ ကျမ ကိုယ်တွေ့ပေါ့နော်။ ဇက်အရမ်းနာတာ ဆေးသောက်လည်းမပျောက်  ဆေးလိမ်းလည်းမပျောက်လို့ ဗန်ဒါရွက် ကိုခုပုံမှာပြထားတဲ့အတိုင်းလုပ်ကြည့်ပါ။ ကွာမကျအောင် မာဖလာ လေးနဲ့ပတ်ထားပါ။ နာရီဝက်ပေါ့   နာရီဝက် ပြည့်လို့ခွာလိုက်ရင်ချွေးတွေထွက်ပြီး  သက်သာလာပါတယ်။ တနေ့ကို ၃ ကြိမ်လုပ်ပါ   ၃ ရက်လောက်ဆိုပျောက်သွားတာကိုခံစားရပါလိမ့်မယ်။ ဇက်ကျီးပေါင်းသမားတွေဆို ပိုလုပ်သင့်ပါတယ်။ လုပ်ကြည့်ပါ  ငွေလည်းမကုန်ရောဂါလည်းပျောက်ပေါ့။ ဒူးနာခါးနာသူများလည်းသက်သာကြောင်းသိရပါတယ်တန်းဖိုးနည်းပြီးဘေးထွက်ဆိုးကျိုးမရှိလို့တိုက်ဆိုင်သူများပြုလုပ်ကြည့်ကြပါ။ Credit: