SaParLinPin

BပိုးCပိုး ရောဂါ မျက်စိတိမ်ရောဂါ ငှက်ဖျားရောဂါများကိုပျောက်ကင်းနိုင်စွမ်းသော စပါးလင်ပင်

BပိုးCပိုး ရောဂါ မျက်စိတိမ်ရောဂါ ငှက်ဖျားရောဂါများကိုပျောက်ကင်းနိုင်စွမ်းသော စပါးလင်ပင်

BပိုးCပိုးရောဂါအတွက် စပါးလင်ကို ရေစင်အောင်ဆေး ကြောပါ။ပြုတ်လိုက်ပါ။၎င်းစပါး လင်ပြုတ်ရေကို လက်ဖက်ရည်ခွက်ဖြင့် တစ်နေ့ ၃ ကြိမ် သောက်ပေးပါ။ တစ်ပတ်ကြာသည့်အခါတွင် B ပိုး ပျောက်ကင်းသွားတာကို တွေ့ရပါလိမ့်မည်။
မျက်စိတိမ်ဖြစ်လျှင်..(ဒေါ်ငွေရှင်ပြောသောကိုယ်တိုင်ကုသခဲ့သောဆေးနည်း) စပါးလင်အမြစ်ကို ရေစင်အောင်ဆေးပါ ကျောက်ပြင်သန့်သန့်တွင် ရေဖြင့်သွေးပါ ရရှိလာသောစပါးလင်မြစ်သွေးရည်ကို ရေစစ်ဖြင့် အထပ်ထပ်အခါခါစစ်ပါ ပြီးလျှင် တိမ်ဖြစ်နေသောမျက်စိကို တနေ့သုံးကြိမ်နှုန်းဖြင့်မျက်စဥ်းခပ်ပါ ရောဂါနုလျှင်အမြန် ပျောက်လွယ်သည် စေတနာဖြင့်။

ဆေးဖက်ဝင် စပါးလင်
စပါးလင်မှာတော့ ထူးခြားတဲ့သတ္တိ ရှိတာအမှန်ပါ။ ဟင်းချက်ရင် စပါးလင်ထည့်ချက်ပါ။ တုပ်ကွေးကာကွယ်ဖို့ စပါးလင်နဲ့ ချက်တဲ့ မုန့်ဟင်းခါး ချက်စားကြပါ။ ဘဲဥကလည်း ထူးခြားတယ်နော်။ ဥတုပျက်လို့ အဖျားအနာပေါရင် ကြက်ဥအစား ဘဲဥစားပါ။ ဥတုဒဏ်ကာကွယ်တယ်။ စပါးလင်ကို တကယ်တူပေဒဏ်ပေခံတဲ့ အိန္ဒိယသားတွေ သိပ် စားကြတယ်။ အပင်စိုက်ထားကြတယ်။ စပါးလင်ရုံရှိရင် ပိုးကောင်၊ အဆိပ်ရှိတဲ့အကောင် မလာဘူးပြောကြတယ်။

ငှက်ဖျား အချိန်မှန်တက်တာကို စပါးလင်အမြစ်ကိုထောင်း၊ အရည်ညှစ်၊ ကြေးဇွန်းနဲ့၃ဇွန်း တစ်နေ့၃ကြိမ် တိုက်ပေးရင် အဖျားပြတ်တယ် ပြောပါတယ်။ အခုလောလောဆယ်တော့ တုပ်ကွေးမဖြစ်အောင်ကာကွယ်ဖို့ ဆေးနည်းတိုမေးရင် စပါးလင်ကို ကပ်ကြေးနဲ့ပါးပါးကိုက် ဘဲဥနဲ့ကြော် စားပါလို့ ပြောပါတယ်။ ယုံကြည်သူများစားကြပါ။ အပမ်းလည်းမကြီးပါ။

Source from internet
Credit

Leave a Comment

Your email address will not be published. Required fields are marked *